ဂျာမနီတွင် တံတားဆောက်လုပ်ရေး ငြမ်းပြိုကျ၍ လူသေဆုံးမှုဖြစ်

ဂျာမနီတွင် တံတားဆောက်လုပ်ရေး ငြမ်းပြိုကျ၍ လူသေဆုံးမှုဖြစ်

ဘာလင်၊ ဇွန် ၁၆ ။           ။ ဂျာမနီနိုင်ငံတွင် တံတားဆောက်လုပ်ရေး၌ ငြမ်းပြိုကျသဖြင့် အလုပ်သမားတစ်ဦးသေဆုံးကာ အပြင်းအထန်ဒဏ်ရာရ သူများလည်းရှိကြောင်း ရဲက ပြောသည်။

အသစ်တည်ဆောက်ရာ မီတာ ၄၀ တံတားတွင် ဖြစ်ပွားခြင်းဖြစ်ကာ တည်ဆောက်ရေးအတွက် ဆင်ထားသည့် ငြမ်းများက အလုပ်သမားများအပေါ် ပြိုကျခြင်းဖြစ်ကြောင်း ရဲဌာနပြောရေးဆိုခွင့်ရှိသူ ဘီဂျိုးက ပြောသည်။

ငြမ်းပြိုကျရသည့် အကြောင်းအရင်းကို လတ်တလော သေချာမသိရသေးကြောင်း၊ ဖြစ်ပွားသည့် တံတားမှာ ဝါနက်မြို့အနီးက တံတားတွင်ဖြစ်ကြောင်း သတင်းတွင် ဖော်ပြသည်။

ငြမ်းပြိုကျချိန်တွင် အလုပ်သမား ၂၀ ဝန်းကျင် အလုပ်လုပ်ကိုင်နေချိန်ဖြစ်သည်။

ကနဦးရဲသတင်းများတွင် ငြမ်းပြိုကျမှုအတွင်း သေဆုံးသူမှာ နှစ်ဦးရှိသည်ဟု ယူဆထားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly