နောက်ကျ သွင်းဂိုးတွေနဲ့နိုင်ပြီး ရှုံးထွက်အဆင့်ကို တက်ရောက်တဲ့ ပြင်သစ်

နောက်ကျ သွင်းဂိုးတွေနဲ့နိုင်ပြီး ရှုံးထွက်အဆင့်ကို တက်ရောက်တဲ့ ပြင်သစ်
(ဓာတ်ပုံ - အီးပီအေ)

"ပြင်သစ် ၂ဂိုး-ဂိုးမရှိ အယ်ဘေးနီးယား"

ဂရစ်ဇ်မန်းနှင့် ပါယက်တို့ရဲ့ နောက်ကျဂိုးတွေကြောင့် အိမ်ရှင် ပြင်သစ်အသင်းဟာ အယ်လ်ဘေးနီးယားကို အနိုင်ရရှိပြီး ယူရို ၂၀၁၆ ပြိုင်ပွဲရဲ့ ရှုံးထွက် (၁၆) သင်းအဆင့်ကို ပထမဆုံး တက်ရောက်တဲ့ အသင်းဖြစ်လာပါတယ်။

ဒီပွဲမှာ ပြင်သစ်အသင်းဟာ ပွဲထွက်လူစာရင်း နေရာကို အပြောင်းအလဲ အချို့လုပ်ထားတာတွေ့ရပြီး ပေါ့ဘာ၊ ဂရစ်ဇ်မန်းတို့ကို အရံနေရာမှာ ထားရှိခဲ့ပြီး အန်တိုနီ မာရှယ်လ်၊ ကိုးလ်မန်းတို့ကို ထုတ်သုံးခဲ့ပါတယ်။

ပြင်သစ်အသင်းဟာ အယ်လ်ဘေးနီးယားကို ဖိကစားနိုင်ခဲ့ပေမယ့် အုပ်စုပထမပွဲစဉ်ကအတိုင်း ဂိုးရဖို့ ရုန်းကန်ခဲ့ပါတယ်။ အယ်လ်ဘေးနီးယားက ခံစစ်ပိတ်ကစားခဲ့တာကြောင့် ပြင်သစ်တို့ ပွဲချိန်တစ်လျှောက်လုံး ထိထိရောက်ရောက် ဂိုးသွင်းခွင့် မရနိုင်ပဲဖြစ်နေပါတယ်။

ပြင်သစ်အတွက် အနိုင်ဂိုးတွေကို လူစားဝင်လာတဲ့ ဂရစ်ဇ်မန်းက (၉၀) မိနစ်မှာ ခေါင်းတိုက် သွင်းယူကာ ပထမဂိုး ရရှိပြီး နောက်ထပ်တစ်ဂိုးကိုတော့ တန်ပြန်တိုက်စစ်မှတစ်ဆင့် ပါယက်က (၉၆)မိနစ်မှာ သွင်းယူခဲ့တာကြောင့် (၂) ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။

အိမ်ရှင်ပြင်သစ်ဟာ နှစ်ပွဲကစားပြီးချိန်မှာ နှစ်ပွဲနိုင်၊ (၆) မှတ်နဲ့ ရှုံးထွက်အဆင့်ကို တက်ရောက်နိုင်ခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly