မာမက်ဒီရဲ့ ချေပဂိုးကြောင့် ဆွစ်ဇာလန်တို့ နောက်တစ်ဆင့်အတွက် အခြေအနေကောင်း

မာမက်ဒီရဲ့ ချေပဂိုးကြောင့် ဆွစ်ဇာလန်တို့ နောက်တစ်ဆင့်အတွက် အခြေအနေကောင်း
(ဓာတ်ပုံ - အီးပီအေ)

"ရိုမေးနီးယား ၁-၁ ဆွစ်ဇာလန်"

ယူရို-၂၀၁၆ ပြိုင်ပွဲ အုပ်စု(က) ပွဲစဉ်ဖြစ်တဲ့ ရိုမေးနီးယားနှင့် ဆွစ်ဇာလန်ပွဲကတော့ အကြိတ်အနယ်နဲ့ တစ်ဖက်တစ်ဂိုးစီ သရေကျခဲ့ပါတယ်။ ယူရို ၂၀၁၆ မှာ ယူရိုမေးနီးယားက ပထမဆုံး ရမှတ် တစ်မှတ်ရရှိပြီး ဆွစ်ဇာလန်ပွဲကတော့ (၄) မှတ်ရရှိထားတာကြောင့် နောက်ဆုံး (၁၆) သင်းရောက်ဖို့ နီးစပ်လာခဲ့ပါတယ်။

ဆွစ်ဇာလန်ဟာ အစောပိုင်းက ရရှိတဲ့ အခွင့်အရေး တော်တော်မျာများကို အသုံးမချနိုင်ခဲ့တာကို တွေ့ရပါတယ်။ တိုက်စစ်မှူး ဟာရီဆာဖယ်ဗစ်ဟာ လွတ်လွတ်ကျွတ်ကျွတ် ရရှိတဲ့ ဂိုးသွင်း နှစ်ကြိမ်ကို လွဲချော်ခဲ့တာဖြစ်ပါတယ်။

အဖွင့်ပွဲမှာ ပြင်သစ်ကို ရှုံးနိမ့်ထားတဲ့  ရိုမေးနီးယားဟာ (၁၈) မိနစ်မှာ စတန်ကူက ပင်နယ်တီကနေ သွင်းယူခဲ့ပြီး ဆွစ်ဇာလန်ကို တစ်ဂိုးအသာနဲ့ ဦးဆောင်နေခဲ့ပါတယ်။ ယူရို ၂၀၁၆ ပြိုင်ပွဲမှာ ရိုမေးနီးယားအနေနဲ့ ဒုတိယအကြိမ် ပင်နယ်တီရရှိခဲ့တာဖြစ်ပြီး စတန်ကူအတွက် (၂) ဂိုးမြောက်လည်းဖြစ်ပါတယ်။

ဆွစ်ဇာလန်အတွက် ချေပဂိုးကို တိုက်စစ်မှူး မာမက်ဒီက (၅၇)မိနစ်မှာ ပြန်လည် ချေပပေးနိုင်ခဲ့ပါတယ်။ ရိုမေးနီးယားအနေဖြင့် ရှုံးထွက်အဆင့် တက်ရောက်ရန်အတွက် နောက်ဆုံးပွဲကို မဖြစ်မနေ အနိုင်ကစားဖို့ လိုအပ်လာနေပါပြီ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly