အကြိမ်ရေအများဆုံး သွေးအလှူရှင် နှစ်ဦးကို ပတ္တမြားလက်စွပ် ချီးမြှင့်

အကြိမ်ရေအများဆုံး သွေးအလှူရှင် နှစ်ဦးကို ပတ္တမြားလက်စွပ် ချီးမြှင့်
ဓာတ်ပုံ-သူရ
 

ရန်ကုန်၊ ဇွန် ၁၅ ။             ။ ရန်ကုန်ဆေးရုံကြီး အမျိုးသားသွေးလှူဘဏ်တွင် အကြိမ်ရေအများဆုံး သွေးအလှူရှင် နှစ်ဦးအား “မွန်မြတ်သန့်စင်သွေးလှူရှင်သူရဲကောင်း” ဆုတံဆိပ် နှင့် ပတ္တမြားလက်စွပ် ချီးမြှင့်ခဲ့သည်။

သွေးလှူဒါန်းသည့် အကြိမ်ရေ ၁၄၄ကြိမ်ရှိ ဦးအောင်မင်း နှင့် ၁၀၂ကြိမ်ရှိ ဒေါ်ယုယုဝေတို့ကို “မွန်မြတ်သန့်စင်သွေးလှူရှင်သူရဲကောင်း” ဆုတံဆိပ် နှင့် မြန်မာ့မိုးကုတ်သဘာဝတွင်းထွက် ခိုသွေးနီရောင်ရှိသောပတ္တမြားလက်စွပ်အား ဇွန် ၁၄ရက် နံနက်က SP Gems မှ ဆုချီးမြှင့်ခဲ့ခြင်းဖြစ်သည်။

ဇွန် ၁၄ရက်သည် ကမ္ဘာ့သွေးလှူရှင်များနေ့ “World Blood Donor Day” ဖြစ်ပြီး “တို့အားလုံးအသက်သွေးဖြင့်ဆက်”ဆိုသည့် ဆောင်ပုဒ်ဖြင့် ရန်ကုန်ဆေးရုံကြီး အမျိုးသားသွေးလှူဘဏ်မှ ဦးစီးကာ အမျိုးသားသွေးဌာန (ရန်ကုန်)တွင် ဇွန် ၁၄ရက် နံနက် ၁၀နာရီက သွေးလှူဒါန်းသည့် အခမ်းအနား ကျင်းပခဲ့ခြင်းဖြစ်သည်။

ထိုနေ့တွင် အိုးဝေRide မှလည်း ကားအစီး (၄၀) ဖြင့် သွေးလှူဒါန်းပြီး သူများကို အိမ်သို့အခမဲ့ပို့ဆောင်ပေးခဲ့သည်။

ကမ္ဘာတစ်ဝှမ်းရှိ စေတနာရှင်သွေးလှူရှင်များကို ဂုဏ်ပြုသည့်အထိမ်းအမှတ်အနေဖြင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) မှ ကမ္ဘာ့သွေးလှုရှင်များနေ့ “World Blood Donor Day” ကို ၂၀၁၄ခုနှစ်ကတည်းက  စတင်ကာ နှစ်စဉ်ဆောင်ပုဒ်တစ်ခုစီပေး၍ ကျင်းပခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly