ဒေါ်နယ်ထရန့်အကြောင်း သုတေသနစုဆောင်းထားသည့် ဒီမိုကရက်တို့၏ အချက်အလက်များကို ရုရှက ဟက်ကာခိုးယူ

ဒေါ်နယ်ထရန့်အကြောင်း သုတေသနစုဆောင်းထားသည့် ဒီမိုကရက်တို့၏ အချက်အလက်များကို ရုရှက ဟက်ကာခိုးယူ

နယူးယောက်၊ ဇွန် ၁၅ ။             ။ ရီပတ်ဘရီကန် သမ္မတလောင်း ဒေါ်နယ်ထရန့်အပေါ် အတိုက်အခံတို့က သုတေသနလုပ်ထားသည့် အချက်အလက်များကို ဒီမိုကရက်တစ်အမျိုးသားကော်မတီ DNC ရှိ ကွန်ပြူတာများမှ ရုရှအစိုးရ ဟက်ကာများ ဖောက်ထွင်းယူသွားကြောင်း တာဝန်ရှိသူများက ပြောသည်။

DNC ကွန်ပြူတာများတွင် ပျက်စီးထိခိုက်မှု တစ်ချို့ကြုံရကြောင်း ဥက္ကဌဖြစ်သူ အမျိုးသမီး ဒက်ဘီက ပြောသည်။

ပြင်ဆင်ရေးအတွက် ဆိုက်ဘာလုံခြုံရေးကုမ္ပဏီတစ်ရပ်ကို ငှားရမ်းထားရပြီဖြစ်ကြောင်း ၎င်းက ပြောပြီး ကော်မတီ၏ နက်ဝက်အတွင်း ကျုးနင်းမဝင်ရောက်နိုင်ရန်နှင့် လုံခြုံရေးတိုးမြှင့်ရန် လုပ်ဆောင်ပြီဖြစ်ကြောင်း ဆိုသည်။

အဆိုပါ ဟက်ကာတိုက်ခိုက်မှုနှင့် ပတ်သက်ကာ တစ်စိုးတစ်စိမျှ ပါဝင်မှုမရှိကြောင်း ရုရှဖက်က ငြင်းဆန်သည်။

ယခု ဟက်ကာတိုက်ခိုက်မှုက ပုဂ္ဂိုလ်ရေးနှင့် ဘဏ္ဍာရေးအချက်အလက်များကို ရယူခြင်းမရှိဘဲ အီးမေးလ်နှင့် chat အချက်အလက်များကို ရယူသွားခြင်းဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly