လီဗာပူးလ်နောက်ခံလူဟောင်း ရစ်ဆီ ကစားသမားဘဝမှ အနားယူ

လီဗာပူးလ်နောက်ခံလူဟောင်း ရစ်ဆီ ကစားသမားဘဝမှ အနားယူ

ဇွန် ၁၄၊ နော်ေ၀ ။           ။ ချန်ပီယံလိဂ်ဆုဖလားရ လီဗာပူးလ်အသင်း၏ အသင်းသားတစ်ဦးဖြစ်သော နော်ဝေနောက်ခံကစားသမား ဂျွန်အာနီရစ်ဆီသည် အသက် ၃၅ နှစ်အရွယ်တွင် ကစားသမားဘဝမှ အနားယူသွားခဲ့ပြီ ဖြစ်သည်။

ရစ်ဆီသည် လက်ရှိတွင် နော်ဝေကလပ် Aalesund တွင် ကစားနေသူ ဖြစ်ပြီး ၎င်း၏လက်ရှိစာချုပ်ကို ဖျက်သိမ်းကာ အနားယူလိုက်ခြင်း ဖြစ်သည်။

‘နော်ဝေလိဂ်ရဲ့ ထိပ်တန်းအဆင့်မှာ အသက် ၄၀ လောက်အထိကစားဖို့ စိတ်ထဲမှာ ရည်မှန်းထားတာပါ။ အခုတော့ မဖြစ်နိုင်တော့ပါဘူး။ ဒီအချိန်မှာပဲ အဆုံးသတ်သွားပါပြီ။ ဒီခန္ဓာကိုယ်နဲ့ ဒီခေါင်းက အနှစ် ၂၀ လောက် ပြင်းပြင်းထန်ထန်အလုပ်လုပ်ခဲ့ရတာပါ’ ဟု ရစ်ဆီက ပြောသည်။

ကောင်းမွန်သည့်အခွင့်အရေးရရှိလျှင် ပြန်လာနိုင်သည်ဟု ဆိုခဲ့သော်လည်း ရစ်ဆီက ‘ပြိုင်ပွဲများကစားရန် လုံလောက်သည့် ကျန်းမာကြံ့ခိုင်မှုမရှိတော့ကြောင်း ဝန်ခံခဲ့သည်။ အနားယူခဲ့ရသည့်အတွက် အလွန်နာကျင်ရကြောင်းနှင့် စိတ်လှုပ်ရှားမိကြောင်းလည်း ရစ်ဆီက ပြောသည်။

ရစ်ဆီသည် လီဗာပူးလ်အသင်းအတွက် ပွဲပေါင်း ၃၃၉ ပွဲ ကစားပေးခဲ့ပြီး ချန်ပီယံလိဂ်ဖလားနှင့် အက်ဖ်အေဖလားတို့ ရရှိခဲ့သည်။ ၂၀၀၈ ခုနှစ်တွင် ရိုးမားသို့ ပြောင်းရွှေ့သွားခဲ့ပြီး ထိုမှတစ်ဆင့် ဖူလ်ဟမ်၊ အေပိုးလ်စသည့်အသင်းများသို့ရောက်ခဲ့ကာ ၂၀၁၆ ခုနှစ်တွင် ငယ်မွေးခြံပေါက်ကလပ် Aalesund သို့ ပြန်လည်ပြောင်းရွှေ့ခဲ့သူ ဖြစ်သည်။

Ref: BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly