ရိုးမားကွင်းလယ်လူ ပီယန်နစ်ကို ပြောင်းရွှေ့ကြေးပေါင် ၂၆ သန်းဖြင့် ဂျူဗင်တပ်စ် ခေါ်ယူ

ရိုးမားကွင်းလယ်လူ ပီယန်နစ်ကို ပြောင်းရွှေ့ကြေးပေါင် ၂၆ သန်းဖြင့် ဂျူဗင်တပ်စ် ခေါ်ယူ

ဇွန် ၁၄၊ အီတလီ ။             ။ ဂျူဗင်တပ်စ်အသင်းသည် စီးရီးအေပြိုင်ဘက် ရိုးမားအသင်းမှ ကွင်းလယ်ကစားသမား မီယာလန်ပီယန်နစ်ကို ပြောင်းရွှေ့ကြေး ပေါင် ၂၆ သန်းဖြင့် ခေါ်ယူလိုက်ပြီ ဖြစ်သည်။

ဘော့စနီးယားကွင်းလယ်ကစားသမား ပီယန်နစ်သည် ပြီးခဲ့သည့် တနင်္လာနေ့က ဂျူဗင်တပ်စ်ကွင်းသို့ ရောက်ရှိလာခဲ့ပြီး ဆေးစစ်မှှုများခံယူကာ နေ့လည်ပိုင်းတွင် အပြောင်းအရွှေ့သတင်းကို အတည်ပြု ကြေညာပေးခဲ့ခြင်း ဖြစ်သည်။

ထို့နောက်တွင် ပီယန်နစ်နှင့် ဂျူဗင်တပ်စ်အသင်းတို့ ငါးနှစ်သက်တမ်းရှိစာချုပ် ချုပ်ဆိုခဲ့ကြသည်။

အသက် ၂၆ နှစ်အရွယ်သာရှိသေးသည့် ပီယန်နစ်သည် ၂၀၁၁ ခုနှစ်က လိုင်ယွန်မှ ရိုးမားသို့ ပြောင်းရွှေ့လာခဲ့ပြီး စီးရီးအေဘောလုံးလောကတွင် ခြေစွမ်းပြနိုင်သူ ဖြစ်သည်။ ကလပ်အသင်းပွဲပေါင်း ၃၃၈ ပွဲ ကစားထားပြီး ဂိုး ၅၀ သွင်းယူထားသည်။ နိုင်ငံလက်ရွေးစင်အသင်းအတွက် ၆၈ ပွဲ ကစားပေးထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly