ပီကေးရဲ့ နောက်ကျဂိုးနဲ့ စပိန်နိုင်ပွဲရ

ပီကေးရဲ့ နောက်ကျဂိုးနဲ့ စပိန်နိုင်ပွဲရ
(ဓာတ်ပုံ - အီးပီအေ)

စံချိန်တင် (၃) ကြိမ်မြောက် ဥရောပချန်ပီယံရှစ်ရရှိဖို့ ကြိုးစားနေတဲ့ လက်ရှိယူရိုချန်ပီယံ စပိန်အသင်းဟာ ၎င်းတို့ရဲ့ အုပ်စုအဖွင့်ပွဲမှာ ချက်အသင်းကို အနိုင်ကစားနိုင်ခဲ့ပါတယ်။

ပြိုင်ဘက် ချက်အသင်းရဲ့ မာကျောတဲ့ ခံစစ်ကို နောက်ဆုံးမိနစ်မှာမှ အင်နီယေစတာရဲ့ ဖြတ်တင်ပေးမှုကနေတဆင့် စပိန်နောက်ခံလူ ပီကေးက ခေါင်းတိုက်သွင်းယူသွားခဲ့ပါတယ်။

အစောပိုင်း ပွဲချိန်တွေမှာ မိုရာတာ၊ အယ်လ်ဘာနှင့် ဒေးဗစ်ဆေးလ်ဗားတို့ရဲ့ ဂိုးကန်သွင်းမှုတွေကို ချက်အသင်းက တားဆီးနိုင်ခဲ့ပြီး အထူးသဖြင့် ဂိုးသမား ပက်တာချက် ကောင်းခဲ့တာကြောင့်လည်း စပိန်အသင်း ဂိုးမရရှိနိုင်ပဲဖြစ်ခဲ့တာပါ။

ဒါပေမယ့်လည်း ချက်ကစားသမား Gebre Selassie အပိုင် ခေါင်းတိုက်လိုက်တဲ့ ဘောလုံးကို ဖာဘရီဂက်စ်က ဂိုးစည်းပေါ်ကနေ ရှင်းထုတ်နိုင်ခဲ့တာကြောင့် စပိန်အသင်း သက်သာရာရခဲ့ပါတယ်။

ပွဲပြီးခါနီအချိန်ပိုမှာ ချက်အသင်းက အပိုင်ကန်သွင်းခွင့် တစ်ကြိမ်ကို စပိန်ဂိုးသမား ကာကွယ်နိုင်ခဲ့လို စပိန်က (၁-ဝ)နဲ့ ချက်ကို အဖွင့်ပွဲမှာနိုင်ခဲ့ပါတယ်။

ယူရို ၂၀၁၆ အုပ်စု (ဃ) ပွဲပြီးရလဒ်

စပိန် ၁-၀ ချက်
ပီကေး (၈၇ မိနစ်)

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly