ဖိလစ်ပိုင်က အဘူဆေယက်ဖ်စစ်သွေးကြွများ ကနေဒါဓားစာခံအား သတ်ဖြတ်

ဖိလစ်ပိုင်က အဘူဆေယက်ဖ်စစ်သွေးကြွများ ကနေဒါဓားစာခံအား သတ်ဖြတ်

မနီလာ၊ ဇွန် ၁၃ ။              ။ ဖိလစ်ပိုင်နိုင်ငံတွင် အဘူဆေယက်ဖ်စစ်သွေးကြွများက ဖမ်းဆီးဓားစာခံလုပ်ထားသည့် ကနေဒါနိုင်ငံသား သတ်ပစ်လိုက်ကြောင်း မီဒီယာသတင်းများတွင် ဖော်ပြသည်။

ရောဘတ်ဟောလ်ဆိုသူသည် စက်တင်ဘာလအတွင်းက ကနေဒါနိုင်ငံ၊ ဖိလစ်ပိုင်နှင့် နော်ဝေနိုင်ငံတို့မှဖြစ်ကြသည့် အခြားဓားစာခံသုံးဦးနှင့်အတူ ဖမ်းဆီးပြန်ပေးဆွဲခံရခြင်းဖြစ်သည်။

ပြန်ပေးငွေတောင်းသည့် နောက်ဆုံးရက်လွန်၍ ဇွန် ၁၃ ရက်တွင် ရောဘတ်ဟောလ်အား သတ်ဖြတ်လိုက်ခြင်းဖြစ်ကြောင်း လုံခြုံရေးသတင်းရင်းမြစ်များက ကနေဒါမီဒီယာ CBC သို့ပြောပြီး ဖိလစ်ပိုင်သတင်းဝက်ဘ်ဆိုက် Rappler တွင်လည်း ဖော်ပြသည်။

ဓားစာခံများအတွက် ပြန်ပေးငွေပေး ရွေးရန် ကနေဒါရော ဖိလစ်ပိုင်အာဏာပိုင်များကပါ ငြင်းဆန်ခဲ့ကြခြင်းဖြစ်သည်။

အဘူဆေယက်ဖ်စစ်သွေးကြွအုပ်စုအား ချေမှုန်းရေးကို ဖိလစ်ပိုင်နိုင်ငံက စစ်တပ်စစ်ဆင်မှုများ ဆောင်ရွက်လျက်လည်းရှိသည်။

အဘူဆေယက်ဖ်အဖွဲ့သည့် ဂိုဏ်းခွဲဂိုဏ်ငယ်တစ်ခုသာဖြစ်သော်လည်း တောင်ပိုင်းက အစ္စလာမ်မစ်ခွဲထွက်ရေးသောင်းကျန်းသူအုပ်စုနှင့် ချိတ်ဆက်ထားသည့် အကြမ်းဖက်စစ်သွေးကြွအဖွဲ့တစ်ဖွဲ့ဖြစ်သည်။ ယင်းဂိုဏ်အုပ်စုငယ် များစွာက အိုင်အက်စ်အဖွဲ့အား သစ္စာခံကြသည့် ဂိုဏ်းများဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly