ဂါရတ်ဘေးလ်၏ မှတ်ချက်မှာလေးစားမှုကင်းမဲ့ဟု ဟော့ဒ်ဆန်တုန့်ပြန်

ဂါရတ်ဘေးလ်၏ မှတ်ချက်မှာလေးစားမှုကင်းမဲ့ဟု ဟော့ဒ်ဆန်တုန့်ပြန်

ဇွန် ၁၃၊ မာဆေး ။                 ။ အင်္ဂလန်အသင်းအပေါ် ဝေးလ်ကစားသမားဂါရတ်ဘေးလ်၏ မှတ်ချက်မှာလေးစားမှုကင်းမဲ့သည်ဟု အင်္ဂလန်နည်းပြရွိုင်းဟော့ဒ်ဆန်က ပြောသည်။

ဝေးလ်အသင်း၏စိတ်ဓါတ်ကိုမည်သည့်အသင်းမှလိုက်မမီနိုင်ဟု ဂါရတ်ဘေးလ်၏ပြောဆိုမှုနှင့်ပတ်သက်ပြီး ဟော့ဒ်ဆန်က အင်္ဂလန် အသင်း၏ စိတ်ဆန္ဒအပေါ်သံသယရှိစရာမလိုဟု ပြောသည်။

အင်္ဂလန်နှင့်ဝေးလ်တို့သည် ကြာသပတေးနေ့တွင် အုပ်စု (ခ) ဒုတိယမြောက်ပွဲစဉ်အဖြစ် လန်းစ်တွင်ရင်ဆိုင်ကြရမည်ဖြစ်ပြီး ယင်းပွဲမတိုင်မီ ဘေးလ်က အင်္ဂလန်အသင်းသည် ‘ဘာမှမလုပ်ရသေးခင် စိတ်ကြီးဝင်နေသည့်အသင်း’ဟု ပြောဆိုခဲ့သည်။

ယင်းနှင့်ပတ်သက်၍ ဟော့ဒ်ဆန်က “ဘောလုံးသမားနဲ့ ဘောလုံးနည်းပြဘဝမှာ လေးစားမှုမရှိတဲ့မှတ်ချက်တွေလက်ခံရတတ်တာ ဖြစ်ရိုးဖြစ်စဉ်ပါပဲ။
တခြားသူတွေအကြောင်းကို ကျွန်တော်ပြောလေ့မရှိပါဘူး။ အသင်းတိုင်းမှာ ပြိုင်ဘက်အပေါ်အမြင်ဆိုတာ ရှိတယ်ဆိုတာ သိပါတယ်။ အရင်တစ်ရက်တုန်းကလည်း ရုရှဂိုးသမား အကင်ဖိကကျွန်တော်တို့ဟာ ဆီဒင်သတ်မှတ်ချက်နဲ့ မထိုက်တန်ဆုံးအသင်းလို့ ပြောခဲ့ပါသေး တယ်။ အခုတော့ ဘေးလ်ပေါ့။

သူတို့အမြင်ကိုသူတို့ ပြောနိုင်ပါတယ်။ ဒါပေမဲ့ ကျွန်တော်ကတော့ ကျွန်တော့်အသင်းရဲ့ စိတ်သဘောထားအပေါ်မှာ လုံးဝသံသယမရှိပါဘူး” ဟု ဟော့ဒ်ဆန်က ပြောသည်။

Ref; goal.com

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly