ပရိသတ်များသောင်းကျန်းနေဦးမည်ဆိုပါက အင်္ဂလန်နှင့်ရုရှတို့ ယူရိုပြိုင်ပွဲမှထုတ်ခံရနိုင်

ပရိသတ်များသောင်းကျန်းနေဦးမည်ဆိုပါက အင်္ဂလန်နှင့်ရုရှတို့ ယူရိုပြိုင်ပွဲမှထုတ်ခံရနိုင်

ဇွန် ၁၃၊ မာဆေး ။              ။ ပရိသတ်သောင်းကျန်းမှုများထပ်ဖြစ်နေဦးမည်ဆိုပါက ယူရို ၂၀၁၆ ပြိုင်ပွဲမှထုတ်ခံရနိုင်သည်ဟု အင်္ဂလန်နှင့်ရုရှကို ယူအီးအက်ဖ်အေက သတိပေးခြိမ်းခြောက်လိုက်သည်။

စနေနေ့က ဖြစ်ပွားခဲ့သော လက်ခံနိုင်ဖွယ်မရှိသည့် ပရိသတ်ရန်ပွဲနှင့်ပတ်သက်ပြီး စုံစမ်းစစ်ဆေးအရေးယူမှုများလည်း စတင်ပြုလုပ်နေပြီ ဖြစ်သည်။

မာဆေးမြို့တွင် တစ်ဂိုးစီသရေကျခဲ့သောပွဲ၌ ရုရှပရိသတ်များသည် အင်္ဂလန်ပရိသတ်များဘက်သို့ လာရောက်တိုက်ခိုက်ခဲ့သည့် ရုပ်သံမှာ လည်း ပျံ့နှံ့နေသည်။

ပရိသတ်သောင်းကျန်းမှု၊ လူမျိုးရေးခွဲသည့်အပြုအမူ၊ မီးရှူးဖောက်မှု စသည့်အချက်များဖြင့် ရုရှကိုစွဲချက်တင်ထားကြောင်း ယူအီးအက်ဖ်အေ က အတည်ပြုသည်။

ပရိသတ်များကို ခွဲခြားထားရန်လည်း လုံခြုံရေးပိုမိုတိုးမြှင့်ရမည်ဟု ဥရောပဘောလုံးအဖွဲ့ချုပ် ယူအီးအက်ဖ်အေက ဝန်ခံခဲ့သည်။ အင်္ဂလန်အစိုးရကမူ လန်းစ်တွင် ကြာသပတေးနေ့၌ ကစားမည့် အင်္ဂလန်၏ ဒုတိယမြောက်ပွဲစဉ်အတွက် ပြင်သစ်သို့ ဗြိတိန်ရဲများထပ်မံ စေလွှတ်ပေးမည်ဟု ကမ်းလှမ်းထားသည်။

Ref; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly