အမေရိကန်တွင် လိင်တူအခမ်းအနားလုပ်မည့်နေရာအနီး ဖောက်ခွဲပစ္စည်းများနှင့် လူတစ်ဦးကို ဖမ်းမိ

အမေရိကန်တွင် လိင်တူအခမ်းအနားလုပ်မည့်နေရာအနီး ဖောက်ခွဲပစ္စည်းများနှင့် လူတစ်ဦးကို ဖမ်းမိ

ဟောလီးဝုဒ်၊ ဇွန် ၁၃ ။             ။ အမေရိကန်နိုင်ငံ အနောက်ဟောလီးဝုဒ်တွင် လိင်တူအခမ်းအနားတစ်ခု ကျင်းပရန်ရှိသည့် နေရာအနီးတွင် ဆန်တာမော်နီကာရဲများက သေနတ်နှင့် လူတစ်ဦးကို ဖမ်းမိကာ ၎င်း၏ ကားပေါ်တွင်လည်း ဖောက်ခွဲရေးပစ္စည်းများကို အတူလက်ရဖမ်းဆီးမိသည်။

အော်လန်ဒိုတွင် လိင်တူနိုက်ကလပ် ပစ်ခတ်မှုဖြစ်ပွားပြီး နာရီအနည်းငယ်အကြာတွင် ယခုဖမ်းဆီးမှုကို လုပ်ဆောင်နိုင်ခဲ့ခြင်းဖြစ်ကြောင်း FBI က ပြောသည်။ ဖမ်းဆီးခံရသည့် လူက လိင်တူအခမ်းအနား အတွက် မြို့သို့ ရောက်နေခြင်းဖြစ်သည်ဟု ဆိုကြောင်း Los Angeles Times က သတင်းဖော်ပြသည်။

အကြီးဆုံး လိင်တူပျော်ပွဲရွှင်ပွဲအခမ်းအနားဖြစ်သည့် ယင်းအခမ်းအနားအား ဆက်လက်ကျင်းပခဲ့သည်။

လိင်ပိုင်းဆိုင်ရာ လွတ်လပ်မှုအတွက် ကျင်းပသည့် ယင်းပွဲလမ်းအခမ်းအနားသို့ ပုံမှန်အားဖြင့် ပါဝင်တက်ရောက်သူပေါင်း လေးသိန်းနီးပါးရှိသည်။ ၁၉၇၀ ခုနှစ်မှ ဟောလီးဝုဒ်တွင် စတင်ကျင်းပလာ ခဲ့ခြင်းဖြစ်ပြီး ၁၉၇၉ ခုနှစ်တွင် အနောက်ဟောလီးဝုဒ်တွင် ပြောင်းလဲကျင်းပလာခဲ့သည့် လိင်တူပွဲလမ်းအခမ်းအနားတစ်ရပ်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly