အိုလန်ဒိုရှိ နိုက်ကလပ်မှာ ပစ်ခတ်မှုကြောင့် လူ (၅၀) သေဆုံး

အိုလန်ဒိုရှိ နိုက်ကလပ်မှာ ပစ်ခတ်မှုကြောင့် လူ (၅၀) သေဆုံး
(ဓာတ်ပုံ - အီးပီအေ)

ဇွန်လ (၁၂) ရက်နေ့၊ တနင်္ဂနွေနေ့ မနက်အစောပိုင်းက အမေရိကန် ပြည်ထောင်စု၊ ဖလော်ရီဒါပြည်နယ် အိုလန်ဒိုမြို့က ပေါ့လ်စ်နိုက်ကလပ်မှာ လူအစုအလိုက် အပြုံလိုက် သေစေနိုင်တဲ့ ပစ်ခတ်မှု ဖြစ်ပွားခဲ့ပါတယ်။ အခင်းဖြစ်ပွားခဲ့တဲ့ နေရာဟာ လိင်တူချစ်သူများအတွက် ဖွင့်လှစ်ထားတဲ့ နိုက်ကလပ်တစ်ခုဖြစ်ပါတယ်။

အသက် (၂၉) နှစ်အရွယ် အိုမာမာတီးန်းလို့ အမည်ရတဲ့ အမေရိကန်နိုင်ငံသား သေနတ်သမားဟာ ရိုင်ဖယ်နှင့် ပစ်စတိုတို့ကို နိုက်ကလပ်အတွင်း ယူဆောင်လာပါတယ်။ စတင် ပစ်ခတ်ရာမှ လူ (၅၀) သေဆုံးခဲ့ပြီး အနည်းဆုံး (၅၃) ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ ရဲများရဲ့ ပစ်ခတ်မှုကြောင့် သေနတ်သမားလည်း သေဆုံးခဲ့တယ်လို့ CNN က ဖော်ပြထားပါတယ်။

အိုမာမာတီးန်းဟာ ပစ်ခတ်မှု မကျူးလွန်ခင် အရေးပေါ် တယ်လီဖုန်း ၉၁၁ လိုင်းကို ခေါ်ဆိုပြီး သူဟာ အစ္စလာမ်မစ် နိုင်ငံအဖွဲ့ IS အပေါ် သစ္စာခံသူ တစ်ယောက်ဖြစ်ကြောင်း ပြောဆိုခဲ့တယ်လို့လည်း သတင်းတွေက ဆိုပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly