ကမ္ဘာလုံးဆိုင်ရာ ငြိမ်းချမ်းရေးအညွန်းကိန်းတွင် မြန်မာနိုင်ငံ အဆင့်တက်လာ

ကမ္ဘာလုံးဆိုင်ရာ ငြိမ်းချမ်းရေးအညွန်းကိန်းတွင် မြန်မာနိုင်ငံ အဆင့်တက်လာ

၂၀၁၆ ကမ္ဘာလုံးဆိုင်ရာ ငြိမ်းချမ်းရေးအညွန်းကိန်း 2016 Global Peace Index အား ထုတ်ပြန်ချက်တွင် မြန်မာနိုင်ငံ၏ ငြိမ်ချမ်းရေးက တိုးတက်မှုလက္ခဏာများရှိကာ အဆင့် ၁၁၅ နေရာသို့ တက်လာခဲ့သည်။ ပြီးခဲ့သည့်နှစ်က ငြိမ်းချမ်းရေးအညွန်းကိန်းတွင် မြန်မာနိုင်ငံသည် ၁၃၀ နေရာတွင် ရှိခဲ့ခြင်းကြောင်း တိုးတက်မှု လက္ခဏာအဖြစ် မြင်တွေ့ရသည်။

ကမ္ဘာလုံးဆိုင်ရာ ငြိမ်းချမ်းရေးအညွန်းကိန်းအား နိုင်ငံတကာပညာရှင်အဖွဲ့ကြီးတစ်ခုဖြစ်သည့် Institute for Economics and Peace အဖွဲ့က အချက်အလက်နှင့် သုတေသနများ ကောက်ယူကာ ၂၀၀၇ ခုနှစ်က စတင်၍ အစီရင်ခံစာများ ထုတ်ပြန်လာခဲ့ခြင်းဖြစ်သည်။

အကြမ်းဖက်ဝါဒ၊ စစ်ရေးချဲ့ထွင်မှုနှင့် နိုင်ငံရေးတည်ငြိမ်မှုများအပါအဝင် အခြေအနေအရပ်ရပ်ဖြင့် ငြိမ်းချမ်းရေးအညွန်းကိန်းအား ထုတ်ပြန်ခြင်းလည်းဖြစ်သည်။ နိုင်ငံပေါင်း ၁၆၃ နိုင်ငံအား လွှမ်းခြုံကာ အချက်အလက်များ စိစစ်၍ ထုတ်ပြန်ခြင်းဖြစ်သည်။

အညွန်းကိန်းအရ ထင်သာမြင်သာ တွေ့နိုင်သည်မှာ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးအဆင့်သည် ၁၄၁ အဆင့်နေရာတွင် ရှိသည့် အိန္ဒိယထက် ပို၍အဆင့်ရ ကောင်းမွန်နေသည်။ အညွန်းကိန်းတွင် ငြိမ်းချမ်းမှု အနည်းဆုံး အောက်ဆုံးအဆင့် နိုင်ငံအဖြစ် ဆီးရီးယားနိုင်ငံကို ဖော်ပြထားသည်။

သို့သော် ယခု ငြိမ်းချမ်းရေးအညွန်းကိန်းသည် တစ်ကမ္ဘာလုံးဆိုင်ရာ ငြိမ်းချမ်းရေးယိုယွင်းနေမှု အခြေအနေများကိုလည်း ထင်ဟပ်ဖော်ပြထားသည်။ အစွန်းရောက်အကြမ်းဖက်မှုများကြောင့်   သေဆုံးရမှုများက ယမန်နှစ် အညွန်းကိန်းနှင့် နှိုင်းယှဉ်လျှင် ၈၀ ရာခိုင်နှုန်းအထိ တိုးများလာခဲ့သည်။ အရှေ့အလယ်ပိုင်းနှင့် အာဖရိကတို့တွင် မတည်မငြိမ် ငြိမ်းချမ်းရေး ယိုယွင်းမှုများက ဆက်လက်ဖြစ်ပွားနေဆဲဖြစ်သည်။

"အကြမ်းဖက်ဝါဒက အမြင့်ဆုံးအခြေအနေကို ရောက်နေသည်။ ပဋိပက္ခများအတွင်း သေဆုံးရမှုများသည် ၂၅ နှစ်အတွင်း အမြင့်မားဆုံးလည်း ဖြစ်သည်။ ဒုက္ခသည်အရေအတွက်နှင့်   ရွှေ့ပြောင်းသူအရေအတွက်သည်လည်း ခြောက်နှစ်အတွင်း မတွေ့မမြင်ဘူးသည့် နှုန်းထားအဆင့်အထိ ရောက်ရှိနေခဲ့သည်။"ဟု ယင်းအညွန်းကိန်းအစီရင်ခံစာတွင် ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly