ဂျပန်တွင် ငလျင်လှုပ်၍ ထိတ်လန့်တုန်လှုပ်မှုဖြစ်

ဂျပန်တွင် ငလျင်လှုပ်၍ ထိတ်လန့်တုန်လှုပ်မှုဖြစ်

တိုကျို၊ ဇွန် ၁၂ ။  ။ ဂျပန်နိုင်ငံ အလယ်ပိုင်းတွင် ဇွန် ၁၂ ရက်က နိုဒါပြည်နယ် အရှေ့ပိုင်းကို ဗဟိုပြုကာ အနက် ၄၅ ကီလိုမီတာတွင် အင်အား ၄ ဒဿမ ၉ အဆင့်ရှိ ငလျင်လှုပ်ကြောင်း အမေရိကန်ဘူမိတိုင်းတာရေးဌာနက ပြောသည်။

ငလျင်ဒဏ်ကို မြို့တော် တိုကျိုတွင် ခံစားရပြီး ဆူနာမီသတိပေးချက်တော့ မထုတ်ပြန်ထားကြောင်း ဂျပန်မိုးလေဝသဌာနက ပြောသည်။

အဆိုပါ ငလျင်က ဒေသစံတော်ချိန် နံနက် ၇ ဒဿမ ၅၄ မိနစ်တွင် အီဘာရာကီစီရင်စု တောင်ပိုင်းတွင် လှုပ်ခတ်ခြင်းဖြစ်ကြောင်း ပြည်တွင်းသတင်းများတွင် ဖော်ပြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly