ဂွါတီမာလာတွင် ပြည်သူပိုင်ငွေဖြင့် သမ္မတဟောင်းအား ရဟတ်ယာဉ် လက်ဆောင်ပေးခဲ့သည့် ဝန်ကြီးများအား ဖမ်းဆီးစစ်ဆေးနေ

ဂွါတီမာလာတွင် ပြည်သူပိုင်ငွေဖြင့် သမ္မတဟောင်းအား ရဟတ်ယာဉ် လက်ဆောင်ပေးခဲ့သည့် ဝန်ကြီးများအား ဖမ်းဆီးစစ်ဆေးနေ

ဂွါတီမာလာ၊ ဇွန် ၁၂ ။             ။ ဂွါတီမာလာနိုင်ငံတွင် ကုလသမဂ္ဂကျောထောက်နောက်ခံပြုသည့် ကော်မရှင်တစ်ရပ် လုပ်ဆောင်နေသော စုံစမ်းစစ်ဆေးမှုများ၏ တစ်စိတ်တစ်ပိုင်းအဖြစ် ဝန်ကြီးဟောင်းနှစ်ဦးအား ဖမ်းဆီးစစ်ဆေးလျက်ရှိသည်။

မန်နျူရယ်လိုပက်ဇ်နှင့် မာရီစီရိုလိုပက်ဇ်ဆိုသူ ဝန်ကြီးဟောင်းနှစ်ဦးသည် ပြည်သူပိုင်ငွေကို အလွဲသုံးစားလုပ်ကာ သမ္မတဟောင်း ပီရက်ဇ်မိုလီနာအား လက်ဆောင်ဝယ်ပေးခဲ့သည်ဟု စွပ်စွဲခံရခြင်းဖြစ်သည်။

ပီရက်ဇ်မိုလီနာသည် နိုင်ငံအနှံ့ အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေးဆန္ဒပြမှုများကြောင့် သမ္မတအဖြစ်မှ နှုတ်ထွက်ရကာ စက်တင်ဘာအတွင်း ဖမ်းဆီးခံရခြင်းဖြစ်သည်။

စွဲဆိုချက်များ အားလုံးကို မိုလီနာက ငြင်းဆန်သည်။

ပီရက်ဇ်မိုလီနာ အစိုးရလက်ထက်တွင် မန်နျူရယ်လိုပက်ဇ်သည် ကာကွယ်ရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ကာ မာရီစီရိုက ပြည်ထဲရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ကြသူများဖြစ်သည်။

၎င်းတို့အား ငွေကြေးခဝါချမှုနှင့် လျှို့ဝှက်ပူးပေါင်းကြံစည်မှုများအပါအဝင် စွဲဆိုချက်အချို့ဖြင့် စစ်ဆေးနေခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly