ယူရို ၂၀၁၆ မှာ အနိုင်နဲ့ ဖွင့်လှစ်နိုင်တဲ့ ဝေးလ်စ်အသင်း

ယူရို ၂၀၁၆ မှာ အနိုင်နဲ့ ဖွင့်လှစ်နိုင်တဲ့ ဝေးလ်စ်အသင်း
(ဓာတ်ပုံ - အီးပီအေ)

ယူရို ၂၀၁၆ ပြိုင်ပွဲ အုပ်စု(ခ) ရဲ့ ဝေးလ်စ်နဲ့ ဆလိုဗက်ကီးယား အသင်းတို့ ယှဉ်ပြိုင် ကစားခဲ့ရာမှာ (၅၈) နှစ်အကြာ အဓိက ပြိုင်ပွဲကြီးတွေနဲ့ ဝေးကွာနေတဲ့ ဝေးလ်စ်အသင်းဟာ ယူရိုပြိုင်ပွဲ အဖွင့်ပွဲစဉ်မှာ နောက်ကျဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။

ပွဲချိန်(၁၀)မိနစ်မှာ ဂါရတ်ဘေးလ်က ပြစ်ဒဏ်ဘောကို တိုက်ရိုက်ကန်သွင်းရာကနေ ဂိုးရရှိပြီး ပထမပိုင်းကို ဝေးလ်စ်အသင်းက အနိုင်နဲ့ဦးဆောင်နေခဲ့ပါတယ်။

ဒုတိယပိုင်း (၆၁)မိနစ်မှာတော့ ဆလိုဗက်ကီးယား ကွင်းလယ်လူ ဒူဒါက ချေပဂိုး ပြန်သွင်းခဲ့ပါတယ်။ ဒါပေမယ့်လည်း (၈၁) မိနစ်မှာ လူစားဝင်လာတဲ့ ရော့ဘ်ဆင်ကနူးက ရမ်ဆေးရဲ့ ဖန်တီးပေးမှုကတစ်ဆင့် ဝေးလ်စ်အသင်းအတွက် အနိုင်ဂိုး သွင်းယူခဲ့ပါတယ်။

ဒီနိုင်ပွဲကြောင့် ဝေးလ်စ်အသင်းဟာ အုပ်စု (ခ) အတွင်းမှာ ရမှတ် (၃) မှတ်နဲ့ နောက်ဆုံး (၁၆) သင်းအဆင့်ကို တက်လှမ်းနိုင်မယ့် အခွင့်အရေး အကောင်းဆုံး အနေအထားမှာ ရှိနေပါတယ်။

ဝေးလ်စ်အသင်းဟာ ပထမဆုံး ယှဉ်ပြိုင်တဲ့ ယူရိုပြိုင်ပွဲရဲ့ အဖွင့်ပွဲမှာ အနိုင်ရရှိပြီး ယူရိုအဖွင့်ပွဲတွေမှာ ပထမဆုံး အနိုင်ရတဲ့ ဗြိတိန်အသင်းဖြစ်လာပါတယ်။

အုပ်စု (ခ) ပွဲစဉ်ရလဒ်များ
ဝေးလ်စ် ၂-၁ ဆလိုဗက်ကီးယား
အင်္ဂလန် ၁-၁ ရုရှား

(အုပ်စု - က)
အယ်လ်ဘေးနီးယား ဝ-၁ ဆွစ်ဇာလန်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly