မူးယစ်တိုက်ဖျက်ရေး မြန်မာနိုင်ငံက မဲခေါင်ဒေသနိုင်ငံများနှင့် တိုးမြှင့်ဆောင်ရွက်မည်

မူးယစ်တိုက်ဖျက်ရေး မြန်မာနိုင်ငံက မဲခေါင်ဒေသနိုင်ငံများနှင့် တိုးမြှင့်ဆောင်ရွက်မည်

မူးယစ်ဆေးဝါးတိုက်ဖျက်ရေးတွင် မြန်မာနိုင်ငံအနေဖြင့် မဟာမဲခေါင်ဒေသနိုင်ငံများနှင့် ပိုမိုလက်တွဲလုပ်ဆောင်သွားရန် သံန္ဒိဌာန်ချထားကြောင်း တာဝန်ရှိသူတစ်ဦးက ပြောသည်။
 
ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယရဲအကြီးအကဲ ဦကျော်ကျော်မင်းက ပြီးခဲ့သည့်နှစ်များအတွင်း တရုတ်၊ လာအိုနှင့် ထိုင်းနိုင်ငံတို့နှင့် မြန်မာနိုင်ငံသည် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးကို ပူးတွဲလုပ်ဆောင်ခဲ့ကြောင်း ဆင်ဟွာနှင့် အင်တာဗျူးတွင် ပြောသည်။
 
မဲခေါင်မြစ်တလျှောက် မူးယစ်ဆန့်ကျင်ရေးစစ်ဆင်ရေးများကို ၂၀၁၂-၁၃ ခုနှစ်က စတင်ကာ လုပ်ဆောင်လာခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် ဗီယက်နမ်၊ ကမ္ဘောဒီးယားနိုင်ငံတို့ကပါ ပါဝင်ရန် စိတ်ဝင်စားလာပြီဟု ၎င်းက ပြောသည်။
 
မဲခေါင်ပူးတွဲစီမံချက်များအရ မူးယစ်ဆေးဝါး ပမာဏအများအပြားကို ဖမ်းဆီးနိုင်ခဲ့ကြောင်း ၎င်းက ပြောသည်။
 
ယနေ့ကာလတွင် မူးယစ်ဆေးထုတ်လုပ်မှု၏ ၈၀ ရာခိုင်နှုန်းသည် အာဖဂန်နစ္စတန်မှဖြစ်ပြီး မြန်မာ၊ လာအိုနှင့် ထိုင်းနိုင်ငံ ရွှေတြိဂံနယ်မြေမှ ထွက်ရှိမှုက ၂၀ ရာခိုင်နှုန်းသာ ရှိနေကြောင်း ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှုရုံး၏ စာရင်းကို ကိုးကားကာ ဦးကျော်ကျော်မင်းက ပြောသည်။
 
ဘိန်းထုတ်လုပ်မှုသည် ၂၀၀၇ ခုနှစ်အတွင်းက ကျဆင်းပြီး ၂၀၁၄နှင့် ၁၅-၁၆ တွင် ပြန်လည်မြင့်တက်ခဲ့သည်။ လက်နက်ကိုင်အဖွဲ့ခြောက်ဖွဲ့နှင့်လည်း စေ့စပ်ဆွေးနွေးမှုများ အောင်မြင်ပါက မူးယစ်ဆေးဝါးပြဿနာကို ဖြေရှင်းနိုင်ပြီး နိုင်ငံ၏ ဖွံ့ဖြိုးမှုအဟုန်က မြင့်တက်လာမည်ဖြစ်ကြောင်း ၎င်းက မှတ်ချက်ပြုပြောကြားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly