ယူရိုပြိုင်ပွဲတွင် စပိန်အသင်း အနည်းဆုံး ဗိုလ်လုပွဲသို့ ရောက်ရှိမည်ဟု ပူယိုးလ်ပြော

ယူရိုပြိုင်ပွဲတွင် စပိန်အသင်း အနည်းဆုံး ဗိုလ်လုပွဲသို့ ရောက်ရှိမည်ဟု ပူယိုးလ်ပြော

ဇွန် ၁၁၊ စပိန် ။             ။ စပိန်အသင်း၏ နောက်ခံကစားသမားဟောင်း ပူယိုးလ်က လက်ရှိစပိန်အသင်းအနေဖြင့် ယူရို ၂၀၁၆ ပြိုင်ပွဲတွင် အနည်းဆုံး ဗိုလ်လုပွဲသို့ ရောက်ရှိလိ့မ်မည်ဟု   ပြောဆိုလိုက်သည်။

ပူယိုးလ်မှာ ယူရို ၂၀၀၈ ချန်ပီယံစပိန်အသင်းနှင့် ၂၀၁၀ ကမ္ဘာ့ဖလားချန်ပီယံ စပိန်အသင်းတို့တွင် အဓိက နောက်ခံလူအဖြစ် ပါဝင်ခဲ့သူ ဖြစ်သည်။

‘စပိန်အသင်း အနည်းဆုံးတော့ ဖိုင်နယ်ရောက်မယ်။ ဒါမှမဟုတ် ဗိုလ်စွဲမယ်လို့ ကျွန်တော်ထင်ပါတယ်။ ဒီလိုဖြစ်ဖို့က ကစားသမားတွေရဲ့ ကြံ့ခိုင်မှုအပေါ်မူတည်ပါတယ်။ သူတို့က တစ်ရာသီလုံးပွဲတွေ ကစားခဲ့ရလို့ပါ။

ကျွန်တော်တို့မှာ ကစားသမားကောင်းတွေနဲ့ အသင်းကောင်းတစ်သင်းရှိပါတယ်။ မျိုးဆက်ပြောင်းလဲခြင်းက ဘဝရဲ့ ဥပဒေသ ပြောင်းလဲခြင်းပါပဲ။ ကလပ်အသင်းတွေနဲ့အတူ နိုင်ငံတကာ အတွေ့အကြုံအများကြီးရှိတဲ့ လူငယ်ကစားသမားတွေ အသင်းမှာ ပါဝင်နေပါတယ်။

ကာဆီးလက်စ်၊ ပီကေး၊ ရာမို့စ်၊ ဘက်စ်ကွက်စ်၊ အင်နီယေစတာ၊ ဖာဘရီဂက်စ်၊ ဆေးလ်ဗား၊ တို့လို ဝါရင့်တွေက နှစ်တွေအများကြီးတွဲကစားလာတာပါ။ သူတို့က အသင်းကို ဦးဆောင်ပါလိ့မ်မယ်။ ပြီးတော့ ဆော၊ အစ္စကို၊ တီယာဂိုတို့လို လူငယ်တွေလည်းရှိနေပါသေးတယ်။ ဒါကြောင့် စပိန်ဗိုလ်စွဲနိုင်ပါတယ်။’ လို့ ပူယိုးလ်က ပြောဆိုခဲ့သည်။

ရည်ညွှန်း ဂိုးလ်ဒေါ့ကွန်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly