ဘင်္ဂလားဒေ့ရှ် အစွန်းရောက်သမားဖြိုခွင်းမှုအတွင်း အယောက် ၉၀၀ နီးပါး ဖမ်းဆီး

ဘင်္ဂလားဒေ့ရှ် အစွန်းရောက်သမားဖြိုခွင်းမှုအတွင်း အယောက် ၉၀၀ နီးပါး ဖမ်းဆီး

ဒါကာ၊ ဇွန် ၁၁ ။                    ။ သတ်ဖြတ်တိုက်ခိုက်မှုများ ဖြစ်ပွား၍ ဘင်္ဂလားဒေ့ရှ်နိုင်ငံက စစ်သွေးကြွအစွန်းရောက်များအား ဖြိုခွင်းလျက်ရှိရာတွင် အယောက် ၉၀၀ နီးပါးကို ဖမ်းဆီးထားကြောင်း ရဲဌာနက ပြောသည်။

အစ္စလာမ်မစ်စစ်သွေးကြွများကို ပစ်မှတ်ထားကာ နှိမ်နှင်းမှုများ လုပ်ဆောင်ခြင်းဖြစ်ကြောင်း ရဲက ပြောသည်။

ပြီးခဲ့သည့်နှစ်အနည်းငယ်အတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်း ပညာတတ်အတွေးအခေါ်ဆန်းစစ်သူများ၊ ဘာသာရေးလူနည်းစုများအပေါ် တိုက်ခိုက်သတ်ဖြတ်မှုများ ဖြစ်ပွားလာခဲ့သည်။

ပြီးခဲ့သည့် ဇွန် ၁၀ ရက်က ဟိန္ဒူတစ်ဦး လည်ပင်းလှီးသတ်ဖြတ်ခံရသည်။

စစ်သွေးကြွများ ကြီးထွားလာခြင်းက BNP နှင့် Jamaat-e-Islami ကဲ့သို့ နိုင်ငံကို မတည်မငြိမ်ဖြစ်အောင်လုပ်ဆောင်သည့် အတိုက်အခံပါတီများနှင့် ပတ်သက်ကြောင်း အစိုးရက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly