ငြိမ်းချမ်းရေးအတွက် Reggae music နဲ့ တတ်နိုင်တဲ့ဘက်က လုပ်နေတယ်ဆိုတဲ့ စောဖိုးခွားနဲ့ တွေ့ဆုံခြင်း

ငြိမ်းချမ်းရေးအတွက် Reggae music နဲ့ တတ်နိုင်တဲ့ဘက်က လုပ်နေတယ်ဆိုတဲ့ စောဖိုးခွားနဲ့ တွေ့ဆုံခြင်း
ဓာတ်ပုံ-သီရီ

မင်္ဂလာပါ မဇ္ဈိမ ပရိသတ်များခင်ဗျာ။ ကျွန်တော် ဒီကနေ့ ဖိတ်ခေါ်ထားတဲ့သူကတော့ ကျွန်တော်တို့ အဆိုတော် စောဖိုးခွားဖြစ်ပါတယ်။ သူဟာ ငြိမ်းချမ်းရေးနဲ့ ပတ်သတ်ပြီးတော့မှ သီချင်းတွေ တော်တော်များများကို ဆိုခဲ့တဲ့ ပုဂ္ဂိုလ်ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးနဲ့ ပတ်သတ်ပြီးတော့ ကိုစောဖိုးခွားရဲ့ မျှော်လင့်ချက်တွေကိုလည်း မဇ္ဈိမတာဝန်ခံအယ်ဒီတာ ဦးမျိုးသန့် က မေးမြန်းသွားမှာ ဖြစ်ပါတယ်။

မဇ္ဈိမ ။  ။ ကျွန်တော် အခုနက Reggae Music ပဲဖြစ်ဖြစ် အခြားဂီတ တစ်ခုခုပဲ  ဖြစ်ဖြစ်ပဲပေါ့နော် ဒီ မစ်ဆေ့ တွေ ပေးနေတဲ့ ဒီသီချင်း သံစဉ်တွေ ဂီတတွေဟာ ဘယ်လောက်ထိများ ဒီငြိမ်းချမ်းရေးအတွက် affective ဖြစ်မလဲ။

စောဖိုးခွား ။  ။ ကျွန်တော်က ကျွန်တော်တစ်ကိုယ်စာနဲ့ အဆုံးထိ မြင်ပြီးသားပေါ့။ ခုနကလိုပေါ့လေ ကျွန်တော်မြင်လိုက်တာ တကမ္ဘာလုံးက လူတွေတောင်မှ မင်းက တရုတ်၊ မင်းက အာဖရိက မဟုတ်တော့ဘူး။ ဆိုတဲ့ အထိကို ကျွန်တော်က မှန်းထားတာကိုး။ ဘယ်လောက် effective ဖြစ်မလဲ ဆို အဲလောက်ထိ effective ဖြစ်သွားမယ်။ တစ်ကမ္ဘာလုံးက လူသားတွေက နားလည်မှု အပြည့်နဲ့ ချစ်ခြင်းမေတ္တာတွေ အပြည့်နဲ့ ငြိမ်းငြိမ်းချမ်းချမ်း ပျော်ပျော်ရွှင်ရွှင်ရှိနေမယ်။ အရမ်းလှတဲ့ ကမ္ဘာကြီးဖြစ်နေမယ်။ အဲဒီဟာတွေကို ကျွန်တော်က မှန်းထားတယ်။ ဒါပေမယ့် ဘယ်လောက်ထိ ရှိနေလဲဆိုတဲ့ အစ်ကိုမေးတဲ့ အပေါ်မှာတော့ အခုကျွန်တော်လုပ်သွားတဲ့ လုပ်ရပ်တွေ အပေါ်မှာတော့ အစ်ကို တို့က ဆုံးဖြတ်ရမှာပေါ့နော်။ မြင်နေတဲ့ သူတွေ မေးနေတဲ့ သူတွေ ကျွန်တော်လုပ်သွားတဲ့ လုပ်ရပ်နဲ့ သက်သေတွေက ဆုံးဖြတ်ရမယ်။ ကျွန်တော်ကတော့ ဘယ်လောက်ထိ ဖြစ်လာမယ်ဆို အဲလိုဖြစ်သွားမယ်လို့ ကျွန်တော်မှန်းထားပါတယ်။

မဇ္ဈိမ ။  ။ ကောင်းပြီ ကျွန်တော်တို့ နိုင်ငံကိုပဲ ပြန်ကြည့်ရအောင်ပါ ခင်ဗျ။ ကျွန်တော်တို့နိုင်ငံမှာ ပြီးခဲ့တဲ့ အစိုးရပဲ ဆိုကြပါစို့နော်။ ကျွန်တော်တို့ ငြိမ်းချမ်းရေးအတွက် ကြိုးစားခဲ့ကြတယ်။ ငါးနှစ်တာကြိုးစားခဲ့တယ်။ လောလောဆယ်တော့ ကျွန်တော်တို့ ရည်မှန်းသလောက် ခရီး မပေါက်သေးဘူးပေါ့လေ။ ကျွန်တော်တို့ တက်လာတဲ့ အစိုးရပေါ်မှာကော ကိုစောဖိုးခွားအနေနဲ့ ငြိမ်းချမ်းရေးရဖို့ ဘယ်လောက်ထိ မျှော်လင့်လဲ။

စောဖိုးခွား ။  ။ အစိုးရတွေ System တွေ နဲ့ မဆိုင်ဘူး ခင်ဗျ။ ကျွန်တော်အယူဆကတော့ အဓိက ဆိုင်တာက လုပ်ကိုင်ဆောင်ရွက်နေတဲ့ လူတွေပေါ်မှာပဲ မူတည်တယ်။ လုပ်ကိုင်ဆောင်ရွက်နေတဲ့ သူတွေပေါ်မှာ အရမ်းမူတည်နေတယ်။ လုပ်ကိုင်ဆောင်ရွက်နေတဲ့ သူတွေရဲ့ နှလုံးသားပေါ်မှာမူတည်တယ်။  ဘာဖြစ်လို့လဲဆိုတော့ ဘာကြောင့် ကျွန်တော် နှလုံးသား ခဏ ခဏ သုံးရတာလဲဆိုတော့ ကျွန်တော်တို့ ရောတာ ရှိတယ်။ အမှန်တရားနဲ့ ငြိမ်းချမ်းခြင်းနဲ့ကို သွားရောတယ်။ အထူးသဖြင့် ကျွန်တော်တို့ နိုင်ငံမှာ ရောသွားတယ်။ ဘာဖြစ်လို့လဲဆိုတော့ ငြိမ်းချမ်းဖို့အတွက် လုပ်ချင်ပါတယ်ဆို သွားရောတော့ လုပ်ခွင့်မရတဲ့ အခါတော့ ငါတို့ Right  မရှိဘူးဆို အဲဒီ Right  ဆိုတာကို အရင် တွန်းလှန်ရတယ်။ ငြိမ်းချမ်းခြင်း ပြောတာတောင် မရဘူးဆို ပြီးတော့ မဟုတ်ဘူး ခင်ဗျ။ ငြိမ်းချမ်းခြင်းက အမှန်တရားထက် ပိုပြီးတော့ လေးနက်တယ်။ သမတရားနဲ့ လုပ်ရတယ်။ သမတရားဆိုတာ ကျွန်တော်ဆိုလိုချင်တာ အထဲက ချစ်ခြင်းမေတ္တာ ချစ်ခြင်းမေတ္တာထဲမှာ အထဲက ခွင့်လွှတ်ခြင်းတွေ ပါတယ်။ သီးခံခြင်းတွေ ပါတယ်။ နားလည်ခြင်းတွေ ပေးဆပ်ခြင်းတွေ ပါရတယ်။ အမှန်တရားဆိုတာ ကျွန်တော်ပြောချင်တာကတော့ ညီအစ်ကိုက ကျွန်တော်မျက်တစ်လုံးကို ဆွဲပစ်လိုက်တယ်။ ဒါအရှေ့တုန်းက ဥပဒေတွေ ရှိတယ်။ မျက်လုံးတစ်လုံးအစားပြန်ပေးရမယ်။ ဒါအမှန်တရားပဲ ဟုတ်တယ်လေ သူ့ပစ္စည်း ခိုးတယ်။ ထောင်ဘယ်နှစ်နှစ် ကြမယ်။ ဒီဟာတိုင်းခံရမယ်ဆို ဒါအမှန်တရား ဖြစ်တယ်။ ကျွန်တော်တို့ကြတော့ ငြိမ်းချမ်းရေးကို တည်ဆောက်တဲ့ နေရာမှာ တကယ့်စစ်မှန်တဲ့ ငြိမ်းချမ်းရေး ရချင်ရင် အဲဒီအမှန်တရားထက် ပိုပြီးတော့ သာလွန်တဲ့ သမတရားနဲ့ တည်ဆောက်မှ ရတယ်။ အဲသမတရားက ရင်ဘတ်ထဲက ချစ်ခြင်းမေတ္တာပဲ။ အကုန်လုံးအကုန်လုံး ကလေးတွေက အစ ပေးရမယ်။ ကျွန်တော်တို့ လူကြီးတွေက ဒီဟာတစ်ခုကို ရောပြီးတော့ ကျွန်တော်တို့ ဒီမှာဆို ငြိမ်းချမ်းခြင်းနဲ့ နိုင်ငံရေးနဲ့ အမှန်တရားနဲ့ လုံးဝရောတယ်။ တစ်ခုခုဆို လူတွေ ဆန္ဒပြရင်ကြည့်လိုက် ဘာအတွက်ဆို ပြောတာ ငြိမ်းချမ်းရေး ဒါပေမယ့် အဲမှာ အမှန်တရားတွေ ကိုယ့်ရဲ့ မတရားမှု ခံရတာတွေ ဖော်ထုတ်ကျူးလွန်တယ်။ ကျွန်တော်ဆိုလိုချင်တာ အဲလို မဟုတ်ဘူး။ ငြိမ်းချမ်းရေးဟာ လုံးဝ တကယ်တော့ ကိုယ်ကနေ ပေးရတာ။ ကိုယ်ကနေ နားလည်ပေးရတာ။ အဲဒီသတ္တိက လွယ်တဲ့ သတ္တိမဟုတ်ဘူး။ ခံရတဲ့သူတွေ မေ့ပစ်လိုက်ရတာ။  သူခံရတာတွေ ကို ပြန်ဖော်ထုတ်ပြီးတော့ နောက်တစ်ခု အမှန်တရားတိုင်း ပြန်လုပ်ပေးလို့ ပြောဆိုတာ မဟုတ်ဘဲနဲ့။ လုံးဝကို မေ့ပစ်လိုက်ရတာ။ ဘာဖြစ်လို့လဲဆိုတော့ ငြိမ်းချမ်းချင်တာကို။ မင်းတကယ်တမ်း ဒါမျိုးတွေ နောက်မလုပ်တော့ပါဘူး မင်းတကယ်ပဲ ပြောင်းလဲ သွားပါပြီဆိုရင် ငါကလည်း ငါ့ရဲ့ အနာတွေကို မေ့ပစ်လိုက်ပါပြီ။ အဲတော့ မင်းနဲ့ငါ လက်ဆွဲနှုတ်ဆက်။ အဲတော့ ငါတို့ဆီမှာ မတရားမှုတွေ ဘာတွေ မရှိဘူး ငြိမ်းချမ်းသွားပြီ။ အဲတော့ အခုအစိုးရသစ် တက်လာတဲ့ အချိန်မှာ လုပ်ပိုင်ခွင့်တွေမှာ သူတို့ ဘယ်လောက် လုပ်နိုင်တယ် မျှော်လင့်လဲဆိုတော့ ကျွန်တော် ဟိုတစ်နေ့ကတော့ တိုင်းဒေသကြီး လွှတ်တော်ထဲ ဝင်သွားတယ်။ ကျွန်တော် ကရင်ရေးရာဝန်ကြီးနဲ့ သွားတွေ့တယ်။ ကျွန်တော်လုပ်ချင်တဲ့ အရာတွေကို တင်ပြတယ်။ ဘာလုပ်ချင်လဲဆိုတော့ ကလေးတွေ ကျောင်းမှာ ကျွန်တော်တို့က ရက်တစ်ရက်ဝင်မယ်။ ဗမာတစ်ပြည်လုံးမှာ ရှိနေတဲ့ ဘယ် စတိတ်ကျောင်းမဆို ရောက်အောင် ကျွန်တော်တို့ သွားမယ်။ ကျွန်တော်တို့ရဲ့ ငြိမ်းချမ်းရေး သီချင်းတွေနဲ့ သူတို့ကို Massage  ပေးမယ်။ အဲဒါကလည်း ကလေးတွေရဲ့ စနေ တနင်္ဂနွေ အားတဲ့ အချိန်မှာ အတန်းကို လာဟေ့ မဟုတ်ဘူး။ သူတို့ စာသင်တဲ့ အချိန်ရဲ့ နေ့တစ်နေ့မှာ တစ်ကျောင်းကို အနည်းဆုံး တစ်ခေါက် ရောက်မယ်ဆိုတဲ့ အစီစဉ်ပေါ့။ အဲဒီထက် တစ်ဆင့်တိုးပြီးရင် ဒီ ပရောဂျက်ကြီးက ကလေးတွေကြားထဲ ပြန့်ပွားသွားရင် တစ်ခေါက်ပြီးသွားရင် ကျွန်တော်က ထပ်တိုးပြီးတော့ တောင်းမယ်။ ဘာတောင်းမလဲဆိုတော့ သင်ရိုးညွှန်းတမ်းထဲမှာ ငြိမ်းချမ်းရေး ဘာသာတစ်ရပ်ကို ထည့်ပေးပါ။ ကလေးတွေကို မူလတန်းအဆင့်မှာ ပါးစပ်နဲ့ မေးတာပဲ သူတို့ကို မစ်ဆေ့ပေးပါ။ အချိန်ခါတစ်ခုမှာ ကျွန်တော်တို့ရဲ့ နိုင်ငံမှာ ဘယ်နိုင်ငံရဲ့ ကျောင်းမှာမှ ဒီငြိမ်းချမ်းရေး ဘာသာရပ်ဆိုတာ မထည့်သေးဘူး။ ဒါပေမယ့် လိုအပ်နေလားဆိုတော့ အရမ်းလိုအပ်တယ်လေ။ အစိုးရသစ်အနေနဲ့ ဒီဟာကို လုပ်နိုင်မယ်ဆိုလို့ ရှိရင် သူ့အတွက် သူ့လက်ထက်မှာ ငြိမ်းချမ်းရေးအတွက် တကယ်လိုအပ်နေတဲ့ ကလေးတွေရဲ့ အထဲမှာထည့် ကလေးတွေက အရေးကြီးဆုံးပဲ။ ဒါတည်ဆောက်တာပဲ။ တစ်ချိန်ကျ ဒီကလေးတွေ ကြီးလာရင် ငြိမ်းချမ်းရေး ထုကြီးလာရင် ကျွန်တော်တို့က မငြိမ်းချမ်းတဲ့ အရာတွေကို ဖိုက်မယ်။ ကျွန်တော်ရဲ့ အိမ်မက်ပါ။ ကျွန်တော်က အဲဒီဟာကို သွားပြီးတော့ တင်ပြတယ်။ ဆိုတော့ အစိုးရသစ်လက်ထက်မှာ ကျွန်တော်က အဲဒါပြောတော့ နော်ပန်းသဉ္ဖာမျိုးက ပြောပါတယ်။ ဒီအစီစဉ်လေး အရမ်းကောင်းပါတယ်။ proposal လေး ရေးလိုက်ပါ။ ဒီအစီစဉ်လေး ကျွန်တော် အထက်ကိုလည်း အဆင့်ဆင့် တင်ပြလိုက်ပါမယ်။ ကျွန်တော်လည်း ဝမ်းသာပါတယ်။ အရင်အစိုးရ အကြိမ်မှာတော့ ကျွန်တော်လုပ်လို့ မရတော့ဘူး။ ကျွန်တော် အဲထဲဝင်ဖို့တောင် ခက်ပါလိမ့်မယ်။ အခုချိန်မှာ ဒီလိုလုပ်ခွင့်ရတယ်ဆိုတော့ ဒီငြိမ်းချမ်းရေးနဲ့ ပတ်သက်လို့ ဒီအစိုးရ လက်ထက်မှာ ကျွန်တော်မျှော်လင့်ထားတာတွေရယ် ခုနဟာတွေကို လက်တွေ့ အကောင်ထည် ဖော်နိုင်ဖို့ အနီးစပ်ဆုံး လုပ်ခွင့်ရနေတယ်ဆိုတော့ အများကြီးကို ကျွန်တော် မျှော်လင့်ထားပါတယ်။

အင်တာဗျုးဗွီဒီယိုဖိုင်-https://www.facebook.com/MizzimaDaily/videos/1198608953507341/

မဇ္ဈိမ ။  ။ မေးခွန်းလေး နောက်ထပ် နှစ်ခုပါပဲ ခင်ဗျ။ ပထမဆုံး တစ်အချက်အနေနဲ့ ငြိမ်းချမ်းရေး လိုလားသူ တစ်ယောက် အနေနဲ့ပဲ ဖြစ်ဖြစ် ငြိမ်းချမ်းရေးဖြစ်ဖို့ကို လိုက်ပြီးတော့မှ Movement တွေ Activity တွေ လုပ်နေတဲ့ သူတစ်ယောက်အနေနဲ့ ကျွန်တော်တို့ တပ်မတော်ခေါင်းဆောင် တစ်ယောက်ကိုပဲ ဖြစ်ဖြစ် ဒါမှ မဟုတ်ရင် တိုင်းရင်းသားလက်နက်ကိုင် ခေါင်းဆောင် အဖွဲ့စည်းထဲက ခေါင်းဆောင် တစ်ယောက်ကိုပဲ ဖြစ်ဖြစ် စကားပြောခွင့်ရမယ် မစ်ဆေ့ပေးခွင့်ရမယ်ဆိုရင် ဘာတွေများ မစ်ဆေ့ပေးချင်လဲ ဟိုဘက်ကော ဒီဘက်ကောပေါ့နော်။

စောဖိုးခွား ။  ။ တကယ်တမ်း ကျွန်တော်တို့က ကိုယ်တွေ အသီးသီး လုပ်ရမယ်  Issue တွေ ရှိတယ်။ ကျွန်တော်တို့ Title တွေ ရှိတယ်။ ဒါကို ဦးစားပေး လုပ်ဆောင်နေတာ။ ကိုယ့်တာဝန်ကို ထမ်းရွက်နေတဲ့ အချိန်မှာ အဲဒီကိုယ့်တာဝန်ဆိုတဲ့ အရာတွေ ကိုယ်ဆိုတဲ့ အရာတွေ ကိုယ့်ရဲ့ ရာထူးဆိုတဲ့ အရာတွေ အကုန်လုံးကို ဖျောက်လိုက်ပြီးတော့ ကျွန်တော်တို့က Format ချလိုက်တာ။ Level တစ်ခုကို ညှိပြီးတော့မှ ကျွန်တော် စကားပြောလို့ ရမယ်။ ကျွန်တော်မှာ လိုချင်တဲ့ အခွင့်ရေးတစ်ခု ရှိလို့ သူ့ဆီက ပါမစ်တစ်ခု ရဖို့ အတွက် အဲဒီ ပုံစံကို ချလို့ ရမှာ မဟုတ်တော့ဘူး။ ကျွန်တော်က အောက်ကိုဝင်နေရမှာပဲ။ ဝင်ပြီး တော့ သူကို  ကျွန်တော်က သူကလည်း အဲခါကျရင် အပေါ်က ပြောရတော့မှာပဲ အဲလို မဟုတ်ပဲနဲ့ ကျွန်တော်က အရင်ဆုံးတော့ နှလုံးသား format ကိုအရင်ဆုံး ချလိုက်မှာပဲ။ အဲချလို့ရတဲ့ အဆင့်ရောက်သွားပြီဆိုရင်တော့ ပြီးသွားပြီ။ ကျွန်တော်တို့ ဒီလိုတွေ ရှိပါတယ်။ ကျွန်တော်တို့ နိုင်ငံမှာ ဒီလိုတွေ ရှိပါတယ်။ ကျွန်တော်ကတော့ ဒီအပိုင်းမှာ လုပ်နေပါတယ်။ အဲတော့ အင်အားတွေကလည်း အများကြီးလိုပါတယ်။ အဲလောက်ပဲ ပြောလိုက်ရင် သူ့သိပါတယ်။ ကျွန်တော် အခုနကပြောသလိုပေါ့ အဆင့်ဆင့်လိုအပ်တဲ့ဟာကို ကျွန်တော် သူ့ကို ဘာတောင်းလို့ ရမလဲ။ ဆိုပါစို့ ဒီနယ်မြေက တားမြစ်နယ်မြေ ဖြစ်တယ်။ ဒီနယ်မြေက မလုံခြုံဘူး။ ကျွန်တော် သွားချင်တယ်။ အဲဒီတိုက်ပွဲဖြစ်တဲ့ နေရာကို။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့ ဒီလိုသွားနေတဲ့ နေရာမှာ မလုံခြုံမှန်းတော့ သိတယ်။ ဒါပေမယ့် ပြည်သူတွေ တကယ် ဒုက္ခရောက်တာကို ကျွန်တော်က လူသားခြင်း စာနာလို့ ဆိုတော့ ဗိုလ်မှူးအနေနဲ့ကလည်း ကျွန်တော်ကို ဒီဟာလေးကတော့ ဒီနယ်မြေထိ ရောက်အောင် ကူညီပေးလို့ ရတယ်။ အဲဟုတ်ပြီ စောဖိုးခွား Format  ချထားတဲ့ အတွက် သူက ဘာလုပ်မလဲဆိုတော့ အိုကေ သွားပါ သူက လုံခြုံရေးပါ ယူပေးမယ်။ အဲတာတွေ  ဖြစ်လာမယ်။ ကျွန်တော်ဆိုလိုချင်တာ။ အဲမှာ ညှိလို့ ရသွားပြီ။ အဲဒါဆို လမ်းက တစ်ခုတည်း ဖြစ်သွားပြီ။ အတူတူ ပူးပေါင်းလုပ်ဆောင်မှု ဖြစ်သွားပါပြီ။

မဇ္ဈိမ ။  ။ ကျွန်တော်တို့ တိုင်းပြည်မှာ ရှိတယ်။ ဥပမာ ရှမ်းပြည်မှာ ရှိတယ်။ ကချင်ပြည်မှာ ရှိတယ်။ ရခိုင်မှာဆိုရင်လည်း စစ်ဘေးဒုက္ခသည်တွေ ရှိတယ် အဲဒီ စစ်ဘေးဒုက္ခသည်တွေကို ကိုစောဖိုးခွားအနေနဲ့ ဘာများ မစ်ဆေ့ပေးချင်လဲ။ သူတို့ကို အားပေးစကား အနေနဲ့ပဲ ဖြစ်ဖြစ် ဘာများပြောချင်လဲ ခင်ဗျ။

စောဖိုးခွား ။  ။ တကယ်တော့ ကျွန်တော်တို့ရဲ့ အခြေနေက ငြိမ်းချမ်းရေးကို လုပ်နေတာတို့ ဆိုတာက ကျွန်တော်တို့ကို ဒီဟာကြီးက ဖြတ်သွားပြီ ခင်ဗျ။ ကျွန်တော်တို့ တားဆီးတဲ့ အဆင့်လည်း မဟုတ်တော့ဘူး။ ကြိုတင်ကာကွယ်တဲ့ အနေထားမှာလည်း မဟုတ်ဘူး။ အဲငြိမ်းချမ်းရေးက ကျွန်တော်တို့ကို ဖြတ်သွားတယ်။ ကျွန်တော်တို့က ပြန်လိုက်နေရတာ။ သူကို အရင်ဆုံး delay ဖြစ်အောင် လုပ်ရတာ။ ရတဲ့ အားနဲ့ လုပ်နေရတာ။ အဲဒီအခါမှာကျတော့ ဒီအထဲမှာ မြေစာပင်ဖြစ်သွားတဲ့ ကျွန်တော်တို့နဲ့ လူသားခြင်းတွေပေါ့နော်။ ကျွန်တော်တို့က ကျိတ်မှိတ်ခံစားပြီးတော့ သနားလိုက်တာ သီချင်းလေးတွေ ရေးပါတယ်။ ဒီလောက်ပဲ လုပ်လို့ရတယ်။ ကျွန်တော်တို့ဆိုလည်း ကိုယ်တိုင် ကိုယ်ကျ သွားတယ်။ ရှိသမျှ လေးတွေ ကောက်ခံပြီးတော့ စိတ်ခြင်းတူတဲ့ သူတွေက အလှူငွေတွေ ထည့်ကြတယ်။ ဒါပေမယ့် စစ်ပွဲတွေက ဆက်ဖြစ်နေတယ်။ အဲဒါကြောင့် ကျွန်တော်တို့က structure ကို တည်ဆောက်ဖို့ပြောတာ။ အဲဒီ structure တည်ဆောက်မယ့်သူက အရေးကြီးတာက ကျွန်တော်တို့တွေ မဟုတ်ဘူး။ အရေးကြီးတာက တကယ်ခံစားနေရတဲ့ သူတွေ ဖြစ်တယ်ဆိုတာ ကျွန်တော်က သူတို့ မစ်ဆေ့ ပေးချင်တာ။ မင်းတို့ အခုခံနေရတဲ့ သူတွေ ဘာမှ မသိ ဒုက္ခ ခံနေရတဲ့ သူတွေ ကူမယ့်သူလည်း မရှိဘူး ငါတို့တွေ ကြောက်နေတဲ့ သူတွေ ရက်ကို ကျော်လွန်ဖို့ အတွက် ငါတို့တွေ ဝိုင်းလုပ်ကြမယ်။ ဒါပေမယ့် မင်းတို့ မပါရင် အဲပွဲက ဘယ်တော့မှ မပြီးဘူးဆိုတာကို အဲဒီ အသိတရား သူတို့ရဖို့ လိုတယ်။ ဆိုလိုချင်တာက သူတို့တွေမှာ တွေးခေါ်တတ်လာရမယ်။ သူတို့ ခေါင်းထဲမှာ စစ်ဖြစ်လာရင် ပြေးမယ်။ အချိန်မရွေး စစ်ဆိုတာ ဖြစ်နိုင်တယ် ဆိုတာ ထက်ကို အဲစစ်မရှိတော့တဲ့ တစ်နေ့ အဲစစ် မရှိချင်တော့ဘူးကွာ။ အဲတော့ အဲစစ်ပျောက်သွားအောင် ငါတို့ ဘယ်လိုလုပ်မလဲဆိုတဲ့ စိတ်ရှိလာအောင် လုပ်ရမယ်။ အခုက သူတို့ အဲဒီအဆင့်ကို မရောက်ဘူး။ အခုက သူတို့က အထုပ်ကိုင်ပြီးတော့ ပြေးရမယ်။ တစ်ခုခုဆို သွားမယ် ပြီးရင် သူများလာချပေးတဲ့ အစာကို အရင် ရအောင်လုရမယ်။ မဟုတ်ရင် ကျန်ခဲ့မယ်။ ပြီးရင် ကိုယ့်မိသားစု လောက်ရဲ့လားကို အရင် တွေးမယ်။ ဒါက ကျွန်တော် တွေ့ခဲ့တဲ့ အရာတွေ။ ဆိုတော့ အဲဒီထဲမှာပဲ လည်နေတယ်။ ကျွန်တော်တို့က အဲဒီဟာကို ပြောင်းရအုံးမယ်။ ပြောင်းပြီးတော့မှ ဒီလူတွေကို အခုနက အဆင့်ဆင့် မစ်ဆေ့ပေးမယ်။ သီချင်းတွေနဲ့ သွားပေးမယ်။ သူတို့ နားလည်လာအောင် အဲဒါ အင်အားစု တစ်ခု ဆိုရင် သူတို့က ကျွန်တော်တို့ မစ်ဆေ့နဲ့  ဒီဟာကြီးကို အဆင့်ဆင့်ပျောက်သွားဖို့ အတွက်ကို ပူးပေါင်း လုပ်ဆောင်ခြင်း သူတို့ ပါဝင်လာမှာ ဖြစ်တယ်။ အခုသူတို့ မပါဝင်လာနိုင်ဘူး။ သူတို့က ကျွန်တော်တို့ ဝိုင်းကယ်တဲ့ သူတွေရဲ့ နောက် တရွှတ်တိုက် ဆွဲလိုက် ပြီးရင် ကယ်တဲ့ သူ မရှိတဲ့ အခါ သူတို့ ခံရသေးတယ်။ အဲဒီ အရမ်းကို ရိုးစင်းတဲ့ အထဲမှာပဲ ရှိသေးတယ်။ ကျွန်တော်တို့ ကယ်ထုတ်ဖို့ ကျွန်တော်တို့မှာလည်း နည်းလမ်း မရှိသေးဘူး.။ လုပ်ပိုင်ခွင့်ကလည်း ဇွတ်လုပ်လို့ မရတဲ့ နယ်မြေထဲက လုပ်နေရတာ။ အရဲစွန့် လုပ်နေရတာ။ ကျွန်တော်တို့ အဲဒါကြောင့်မို့လို့ system  မရှိဘူး။ အဲဒီ structure တည်ဆောက်ဖို့အတွက် system ကျလာပြီဆိုရင် သူတို့ကို ခုနကပြောတဲ့ ဟာလေးတွေပေးရမယ်။ အစ်ကိုပြောတဲ့ သူတို့ ဘာပြောချင်လဲဆို ကျွန်တော် အဲဒါ ပြောချင်တယ်။

ပြီးပါပြီ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly