တောင်တရုတ်ပင်လယ် နယ်မြေအငြင်းပွားမှုကိစ္စရပ်များအတွက် တရုတ်နှင့် မဆွေးနွေးလိုသေးဟု ဖိလစ်ပိုင် ပြော

တောင်တရုတ်ပင်လယ် နယ်မြေအငြင်းပွားမှုကိစ္စရပ်များအတွက် တရုတ်နှင့် မဆွေးနွေးလိုသေးဟု ဖိလစ်ပိုင် ပြော

ဇွန် ၁၀ ။               ။ တရုတ်နှင့် အငြင်းပွားထားသော တောင်တရုတ်ပင်လယ် နယ်မြေပိုင်ဆိုင်မှု ကိစ္စရပ်များနှင့် စပ်လျင်း၍ နှစ်နိုင်ငံ တိုက်ရိုက်ဆွေးနွေးမှုများ ပြုလုပ်ဦးမည် မဟုတ်ဟု ဖိလစ်ပိုင် ရွေးကောက်ခံအစိုးရက ထုတ်ဖော်ပြောကြားလိုက်သည်။

နယ်မြေ အငြင်းပွားမှုများကို နိုင်ငံတကာ ခုံရုံးက ဆုံးဖြတ်ချက်ချပြီးမှသာ တရုတ်နှင့် ဆွေးနွေးနိုင်မည်ဟု မကြာမီ တရားဝင်တာဝန်ယူတော့မည် ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီး ပါဖက်တို ယေဆေးက ပြောကြားသည်။

တောင်တရုတ်ပင်လယ်တွင် တရုတ်နှင့်အငြင်းပွားနယ်မြေတစ်ချို့ကို မိမိတို့ ပိုင်ဆိုင်ကြောင်း ဖိလစ်ပိုင်နိုင်ငံက သည်ဟေ့ဂ်မြို့ရှိ နိုင်ငံတကာ ခုံရုံးတွင် တင်ပြတိုင်တန်းထားသည်။ အဆိုပါ တိုင်ကြားချက်ကို တရုတ်ဘက်က ပယ်ချထားပြီး အငြင်းပွားမှုများကို အပြင်လူမပါဘဲ နှစ်နိုင်ငံသီးသန့်သာ ဆွေးနွေးသွားရန် ကမ်းလှမ်းထားသည်။

" ကျွန်တော်တို့အစိုးရသစ်အနေနဲ့ကတော့ ဒီလိုချိန်မှာ တရုတ်နဲ့ တိုက်ရိုက်ဆွေးနွေးလိုတဲ့ ဆန္ဒမရှိပါဘူး၊ ဒီအမှုကို နိုင်ငံတကာ ခုံရုံးကို တင်ပြတိုင်တန်းထားပါတယ်၊ အဲဒီကနေ ဘယ်လိုဆုံးဖြတ်ချက်မှ မချရချိန်အထိ ဘယ်သူနဲ့မှ ဆွေးနွေးဖို့ မရှိပါဘူး" ဟု နိုင်ငံခြားရေး ဝန်ကြီး တာဝန်ယူသွားမည့် ယေဆေးက ပြောသည်။

အစောပိုင်းကာလက တောင်တရုတ်အရေးကိစ္စနှင့်ပတ်သက်၍ တရုတ်နှင့် အမြန်ဆုံး တွေ့ဆုံဆွေးနွေးသင့်ကြောင်း ဖိလစ်ပိုင်ရွေးကောက်ခံအစိုးရကို နိုင်ငံတွင်းရှိ ကျွမ်းကျင်ပညာရှင်များက တိုက်တွန်း ပြောကြားထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly