တဲလ်အယ်ဗစ် တိုက်ခိုက်မှုနောက်ပိုင်း နိုင်ငံတွင်းသို့ ပါလက်စတိုင်းများ မဝင်ရောက်ရန် အစ္စရေးတို့ ယာယီပိတ်ပင်

တဲလ်အယ်ဗစ် တိုက်ခိုက်မှုနောက်ပိုင်း နိုင်ငံတွင်းသို့ ပါလက်စတိုင်းများ မဝင်ရောက်ရန် အစ္စရေးတို့ ယာယီပိတ်ပင်

ဇွန် ၁၀ ။                ။ လက်တစ်လောအချိန်ကာလတွင် နိုင်ငံတွင်းသို့ ပါလက်စတိုင်းများ ဝင်ရောက်မှုကို ယာယီ ပိတ်ပင်ထားမည်ဖြစ်ကြောင်းနှင့် တင်းကျပ်သည့် ကန့်သတ်မှုများ ဆက်လက်လုပ်ကိုင် သွားမည်ဖြစ်ကြောင်း အစ္စရေးစစ်တပ်က ဇွန်လ ၁၀ ရက်တွင် ပြောကြားလိုက်သည်။

ပြီးခဲ့သည့် ရက်ပိုင်းက တဲလ်အယ်ဗစ် မြို့၌ ပါလက်စတိုင်းသေနတ်သမားနှစ်ဦး ပစ်ခတ်မှုကြောင့် အစ္စရေး နိုင်ငံသား လေးဦး သေဆုံးခဲ့မှုဖြစ်စဉ်နောက်ပိုင်း ယခုကဲ့သို့ ပိတ်ပင်မှုများ လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

" အစိုးရရဲ့ ညွှန်ကြားချက်အရရော၊လက်ရှိ ဖြစ်နေတဲ့ အခြေအနေတွေကြောင့်ရော ဒီကနေ့ကစပြီး ဂါဇာကမ်းမြှောင်ဒေသ နဲ့ အနောက်ဘက်ကမ်းဒေသတွေကနေ တဆင့် ကျွန်မတို့ နိုင်ငံထဲဖြတ်ကျော် ဝင်ရောက်နေတဲ့ ပါလက်စတိုင်းတွေကို ကျွန်မတို့ အဝင်မခံတော့ပါဘူး၊ ခြွင်းချက်အနေနဲ့ကတော့ ဆေးကုသမှုနဲ့ လူသားချင်းစာနာမှု ကိစ္စတွေကြောင့်လာတဲ့ ပါလက်စတိုင်းတွေကိုပဲ ဖွင့်ပေးသွား ပါတော့မယ်" ဟု အစ္စရေးပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောသည်။

လာမည့် ဇွန်လ ၁၂ ရက် မတိုင်ခင်အထိ ယခု ပိတ်ပင်ချက် အကျုံးဝင်နေဦးမည်ဟု သူမက ဆိုသည်။

တဲလ်အဗစ်မြို့ ပစ်ခတ်မှုဖြစ်စဉ်နောက်ပိုင်း အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုက ဇွန်လ ၉ ရက်တွင် ၎င်း၏ ဝန်ကြီးအဖွဲ့အစည်းအဝေးကို ခေါ်ယူခဲ့ကာ ပါလက်စတိုင်းတို့၏ တိုက်ခိုက်လာနိုင်မှု အန္တရာယ်များကို တားဆီးကာကွယ်ရေးလုပ်ငန်းစဉ်များ ချမှတ်မည်ဟု ကြေညာသွားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly