ဥပဒေနှင့် မညီသည့် ရွှေတူးဖော်ရေးကုမ္ပဏီ နှစ်ခုအား ရပ်ဆိုင်းရန် ညွှန်ကြား

ဥပဒေနှင့် မညီသည့် ရွှေတူးဖော်ရေးကုမ္ပဏီ နှစ်ခုအား ရပ်ဆိုင်းရန် ညွှန်ကြား

မုံရွာ၊ ဇွန် ၉ ။          ။ စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်အတွင်းရှိ ရွှေတူးဖော်နေသည့် ကုမ္ပဏီ နှစ်ခုအား ရပ်ဆိုင်းထားရန်အတွက် ညွှန်ကြားထားကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှ သိရသည်။

ကန့်ဘလူမြို့နယ် ဇင်းထောက်သော် ဂါးဂလောကြိုးဝိုင်းအတွင်းရွှေတူးဖော်နေသည့် ကုမ္ပဏီ(၂)ခုအား ယာယီ ရပ်ဆိုင်းထားရန် အတွက် စာထုတ်ပြန်တားမြစ်ခဲ့ခြင်း ဖြစ်သည်။

"တိုင်းဒေသကြီး အစိုးရရဲ့ ညွှန်ကြား ချက်အတိုင်း ယာယီရပ်ဆိုင်းထားပေးဖို့ စာထုတ်ပြန်ထားပါတယ်" ဟု ကန့်ဘလူမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံး ဒု-မြို့နယ်ဦးစီးမှူး ဦးဝေလင်းအောင်က   ပြောသည်။

ကန့်ဘလူမြို့နယ်အတွင်းရှိ သတ္ထုတူးဖော်ရေး ကုမ္ပဏီ နှစ်ခုအား ဥပဒေနှင့် ကိုက်ညီမှုမရှိသည့်အတွက် လုပ်ငန်းအားလုံး ယာယီရပ်ဆိုင်းထားရန် စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်မှ ဇွန် ၄ ရက်က ညွှန်ကြားထားခဲ့သည်။

ရွှေတူးဖော်ရေးလုပ်ငန်းရပ်ဆိုင်းရန် ညွှန်ကြားထားသည့်ကုမ္ပဏီများမှာ ရွှေမာတာကုမ္ပဏီနှင့် ရွှေပြည်ဟိန်းကုမ္ပဏီတို့ဖြစ်ကြောင်း တိုင်းဒေသကြီးအစိုးရအဖွဲ့မှသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly