ကမ္ဘာ့အချမ်းသာဆုံး အားကစားသမားအဖြစ် စီရော်နယ်ဒိုရပ်တည်

ကမ္ဘာ့အချမ်းသာဆုံး အားကစားသမားအဖြစ် စီရော်နယ်ဒိုရပ်တည်

ဇွန် ၉၊ အင်္ဂလန်  ။               ။ အမေရိကန် စီးပွားရေးမဂ္ဂဇင်း Forbes ၏ တွက်ချက် ထုတ်ပြန်မှုအရ ရီးယဲလ်မက်ဒရစ်၏ ပေါ်တူဂီတိုက်စစ်မှူး စီရော်နယ်ဒိုသည် ကမ္ဘာ့အချမ်းသာဆုံး အားကစားသမားအဖြစ် ရပ်တည်ခဲ့သည်။

စီရော်နယ်ဒိုသည် ပြီးခဲ့သည့်နှစ်က ဝင်ငွေ ပေါင် ၆၀ ဒသမ ၆ သန်းရရှိခဲ့ပြီး အမေရိကန်လက်ဝှေ့ကျော် ဖလွိုက်မေဝဲလ်သာနှင့် ကမ္ဘာကျော် ဂေါက်သီးအားကစားသမား တိုက်ဂါးဝုဒ်တို့ ၁၆ နှစ်ကြာ လွှမ်းမိုးထားသော နံပါတ်တစ်နေရာကို  ရရှိခဲ့ခြင်းဖြစ်သည်။

စီရော်နယ်ဒို၏နောက်တွင် ဘာစီလိုနာတိုက်စစ်မှူး လီယွန်နယ်မက်ဆီက ဝင်ငွေပေါင် ၅၆ သန်းဖြင့် ရှိနေပြီး အမေရိကန်ဘက်စကက်ဘော အကျော်အမော် လီဘရွန်ဂျိမ်းစ်က ပေါင်  ၅၃ ဒသမ ၂ သန်းဖြင့် တတိယနေရာတွင် ရည်တည်ခဲ့သည်။ ၎င်းတို့၏နောက်တွင်မှု ဆွစ်ဇာလန်တင်းနစ်သမား ဖက်ဒါးရား၊ NBA ဘက်စကက်ဘောအကျော်အမော် ကီဗင်ဒါရန့်၊ ကမ္ဘာ့နံပါတ်တစ် တင်းနစ်သမား ဂျိုကိုဗစ်တို့ အစဉ်လိုက် ရပ်တည်နေကြသည်။

အသက် ၃၄ နှစ်အရွယ်ရှိပြီဖြစ်သည့် ကမ္ဘာ့နံပါတ်တစ်တင်းနစ်မယ် ဆီရီနာဝီလျံက ဝင်ငွေ ပေါင် ၁၅ သန်းဖြင့် အချမ်းသာဆုံးအမျိုးသမီးအားကစားသမားအဖြစ် ရပ်တည်ခဲ့သည်။

ရည်ညွှန်း သည်ဆန်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly