ပထမဆုံး အမျိုးသမီးသမ္မတလောင်းဖြစ်လာ၍ ဟီလာရီက ထောက်ခံသူများအား ကျေးဇူးစကားဆို

ပထမဆုံး အမျိုးသမီးသမ္မတလောင်းဖြစ်လာ၍ ဟီလာရီက ထောက်ခံသူများအား ကျေးဇူးစကားဆို

နယူးယောက်၊ ဇွန် ၈ ။             ။ သမ္မတအဖြစ် ဒီမိုကရတ်တစ်ပါတီ၏ ရွေးချယ်ခြင်း ခံရပြီး အမျိုးသမီးထုအတွက် သမိုင်းမှတ်တိုင်သစ်စိုက်ထူနိုင်အောင် ဖြည့်ဆည်းကူညီပေးကြသော   ထောက်ခံသူများအား ကျေးဇူးတင်ကြောင်း ပါတီ၏ သမ္မတအဖြစ် ရွေးချယ်ခံလိုက်ရသူ ဟီလာရီကလင်တန်က ပြောသည်။

"ရှင်တို့အားလုံးကို ကျေးဇူးတင်ပါတယ်။ ကျွန်မတို့က မှတ်တိုင်သစ်တစ်ရပ်ကို အတူစိုက်ထူလိုက်နိုင်တာပါပဲ။"ဟု နယူးယောက်တွင် ဂုဏ်ပြုကာ စုရုံးနေကြသည့် ထောက်ခံသူများအား ဟီလာရီက ပြောသည်။

"ကျွန်မတို့ နိုင်ငံမှာ ပထမဆုံးအဖြစ် အဓိကပါတီကြီးတစ်ရပ်က အမျိုးသမီးတစ်ဦးကို သမ္မတလောင်းအဖြစ် ရွေးချယ်လိုက်တာပါပဲ။"ဟု ဟီလာရီက ပြောဆိုသည်။

ဟီလာရီသည် ပါတီကိုယ်စားလှယ် အကြိုရွေးချယ်ပွဲများတွင် ဇွန် ၇ ရက်က ခြောက်ပြည်နယ်၌ လေးပြည်နယ် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။ နယူးဂျာစီ၊ တောင်ဒါကိုတာနှင့် နယူးမက္ကဆီကိုတို့တွင်လည်း အောင်ပွဲခံထားပြီးဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly