အမျိုးသမီးများအပေါ်နည်းမျိုးစုံဖြင့် ခွဲခြားဆက်ဆံမှုမှ ပပျောက်ခြင်းဆိုင်ရာ သုံးသပ်ကြားနာမှု အစည်းအဝေး ကြိုတင်လေ့ကျင့်ခြင်း သင်တန်းကျင်းပမည်

အမျိုးသမီးများအပေါ်နည်းမျိုးစုံဖြင့် ခွဲခြားဆက်ဆံမှုမှ ပပျောက်ခြင်းဆိုင်ရာ သုံးသပ်ကြားနာမှု အစည်းအဝေး ကြိုတင်လေ့ကျင့်ခြင်း သင်တန်းကျင်းပမည်
၂၀၁၄ ခုနှစ် စက်တင်ဘာလ ၁၄ ရက်က ရန်ကုန်မြို့ ပြည်သူ့ရင်ပြင် တွင် ပြုလုပ်ကျင်းပသည့် မြန်မာနိုငံ လူကုန်ကူးမှူ တိုက်ဖျက်ရေးနေ့သို့ တက်ရောက်လာကြသည့် လူငယ်များအား တွေ့ရစဉ်။
ဓာတ်ပုံ-မဇ္ဈိမ

ရန်ကုန်၊ ဇွန် ၈ ။             ။ အမျိုးသမီးများအပေါ်နည်းမျိုးစုံဖြင့် ခွဲခြား ဆက်ဆံခြင်း ပပျောက်ခြင်းဆိုင်ရာ သုံးသပ်ကြားနာမှုအစည်းအဝေး ကြိုတင်လေ့ကျင့်ခြင်း သင်တန်းကို ဇွန်လ ၉ ရက်နေ့တွင် ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ သင်တန်းကို လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်း ဦး စီးဌာနနှင့် UN Women အဖွဲ့တို့ ပူးပေါင်းကာ နေပြည်တော်တွင် ကျင်းပ ပြုလုပ်သွားမည် ဖြစ်သည်။

ယင်း အကြိုသင်တန်းကို ကျားမရေးရာညီမျှမှုနှင့် အမျိုးသမီးအခွင့်အရေးတို့နှင့်ပတ်သက်၍ အစီရင်ခံစာများ တင်ဆက်ရာတွင် အဆင်ပြေချောမွေ့စေရန် ရည်ရွယ် ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။

" တိတိကျကျ ဥပဒေနဲ့ ခွဲခြားဆက်ဆံတာ မဟုတ်ပေမယ့် အန်တီတို့ နိုင်ငံက အာရှ နိုင်ငံဖြစ်တယ်။ သက် သက် လုပ်တာမဟုတ်ဘူး။ ဒါပေမယ့် ယဉ်ကျေးမှု ရိုးရာအရ အမျိုးသမီးတွေကို နေရာမပေးတာ အခွင့်အ  ရေး  မပေးတာတွေက အသားတွေ ကျနေပြီလေ"ဟု အဆိုပါ သင်တန်းအား ပါဝင်တက်ရောက်သွားမည့် အမျိုးသား လွှတ်တော် အမျိုးသမီးနှင့် ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ကော်မတီ အတွင်းရေးမှူး ဒေါ်ဆူဇန်နာ လှလှ စိုးက ပြောသည်။

အဆိုပါ သင်တန်းကို အစိုးရ၊ လွှတ်တော်၊ အရပ်ဖက်အဖွဲ့အစည်းများ၊ ကုလသမဂ္ဂ အဖွဲ့အစည်းများ စုပေါင်း ကျင်းပကြမည် ဖြစ်ပြီး အစိုးရကိုယ်စားလှယ်အဖွဲ့အနေဖြင့် ဇူလိုင်လ ၆ရက်နေ့တွင် ပြုလုပ်မည့် အမျိုးသမီးများအပေါ် နည်းမျိုးစုံဖြင့် ခွဲခြားဆက်ဆံခြင်းမှ ပပျောက်ခြင်းဆိုင်ရာ သုံးသပ်ကြားနာမှုအစည်းအဝေးကို တက်ရောက်သွားမည် ဖြစ်ကြောင်းလည်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly