အကြမ်းဖက်တိုက်ခိုက်မှုများနှင့်ပတ်သက်၍ ကြိုတင်သတိပေးနိုင်မည့် စမတ်ဖုန်း အက်ပလီကေးရှင်းတစ်ခုကို ပြင်သစ်တွင် အသုံးပြုသွားမည်

အကြမ်းဖက်တိုက်ခိုက်မှုများနှင့်ပတ်သက်၍ ကြိုတင်သတိပေးနိုင်မည့် စမတ်ဖုန်း အက်ပလီကေးရှင်းတစ်ခုကို ပြင်သစ်တွင် အသုံးပြုသွားမည်

ဇွန် ၈ ။            ။ အကြမ်းဖက်တိုက်ခိုက်မှုတစ်ခု ဖြစ်လာနိုင်ဖွယ် ရှိသည့် အခြေအနေတွင် မိုဘိုင်းဖုန်းအသုံးပြုသူများအား မိနစ်ပိုင်းအတွင်း ကြိုတင်အသိပေးအချက်ပြပေးနိုင်မည့် အက်ပလီကေးရှင်းတစ်ခုကို မကြာမီ အသုံးပြုနိုင်ရန် လုပ်ဆောင်နေသည်ဟု ပြင်သစ် အစိုးရက ဇွန်လ ၈ ရက်တွင် ထုတ်ဖော်ပြောကြားလိုက်သည်။

ယူရို ၂၀၁၆ ဘောလုံးပွဲကာလ နီးကပ်လာသည်နှင့်အမျှ လုံခြုံရေးပိုင်းဆိုင်ရာ စိုးရိမ်ပူပန်ရမှုများ တိုးပွားလာနေချိန်တွင် ယခုကဲ့သို့ အစီအစဉ်တစ်ခုကို အစိုးရက ချထားပေးခြင်းလည်းဖြစ်သည်။

စမတ်ဖုန်းများတွင် ပြင်သစ်ဘာသာ နှင့် အင်္ဂလိပ်ဘာသာ နှစ်မျိုးစလုံးဖြင့် ဒေါင်းလုပ်ဆွဲနိုင်မည့် အထက်ပါ အက်ပလီကေးရှင်းဖြင့် ဖုန်းအသုံးပြုသူများကို သံသယရှိ အကြမ်းဖက်တိုက်ခိုက်မှု တစ်ရပ် ဖြစ်နိုင်သည့်အခြေအနေရောက်လျင် သတိပေးချက်တစ်ခု ပို့ပေးနိုင်မည်ဖြစ်သည်။ ယင်း အက်ပလီကေးရှင်းကို စမ်းသပ်အသုံးပြုထားပြီးဖြစ်ကြောင်းလည်း ပြည်ထဲရေး ဝန်ကြီးဌာနက ထုတ်ပြန်သည်။

ဖုန်းအသုံးပြုသူများ ရောက်ရှိနေသည့် တည်နေရာကို ထောက်လှမ်းကာ မျှော်လင့်မထားသည့် ဖြစ်ရပ်များ ဖြစ်မလာခင် ယင်း အက်ပလီးကေးရှင်းဖြင့် ကြိုတင်သတိပေးနိုင်မည်ဖြစ်သည်။

အာဏာပိုင်များက အကြမ်းဖက်မှု သို့မဟုတ်အခြား မျှော်လင့်မထားသည့် ဖြစ်ရပ်ဆိုးတစ်ခုကို အတည်ပြုနိုင်ပြီးနောက်ပိုင်း ၁၅ မိနစ်ထက် နောက်မကျဘဲ ယင်းအက်ပလီကေးရှင်းဖြင့် အချက်ပြပေးနိုင်မည်ဖြစ်သည်။

အထက်ပါ ဖြစ်ရပ်ဆိုးတစ်ခု ကြုံတွေ့လာချိန်တွင် ယင်းအက်ပလီးကေးရှင်းက ဖုန်းအသုံးပြုသူများကို မည်ကဲ့သို့ ဘေးကင်းအောင်နေထိုင်ရမည်ကို လမ်းညွှန်ပေးနိုင်ပြီး သတင်းအချက်အလက်များကိုလည်း လိုသလို ထုတ်ပြန်ပေးနိုင်မည်ဖြစ်ကြောင်း ပြင်သစ် ပြည်ထဲရေး ဝန်ကြီးဌာနက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly