ရှန်ကျင့်ဒေသနေများ ခရီးသွားလာရာတွင် ဒီအိုင်အေနမူနာပေးရမည်

ရှန်ကျင့်ဒေသနေများ ခရီးသွားလာရာတွင် ဒီအိုင်အေနမူနာပေးရမည်

ပေကျင်း၊ ဇွန် ၈ ။             ။ တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ရှန်ကျင့်ဒေသနေအချို့အနေဖြင့် ခရီးသွားလာရန်အတွက် မှတ်တမ်းမှတ်ရာများ လျှောက်ထားရာတွင် ဒီအိုင်အေနမူနာနှင့် အခြားကိုယ်ပိုင်အချက်အလက်များကို ပေးအပ်ရမည်ဖြစ်ကြောင်း ရဲဌာနက အမိန့်ထုတ်ထားသည်။

တိုင်းရင်းပေါင်းစုံ နေထိုင်ရာအရပ်ဖြစ်သော ယီလီရှိ ဒေသခံများအနေဖြင့် နိုင်ငံရပ်ခြားပြည်ပမထွက်ခွာမီ ဒီအိုင်အေနမူနာများ ပေးပြီးမှ သွားလာခွင့် ရှိမည်ဖြစ်သည်။

ရှန်ကျင့်ဒေသသည် အစ္စလာမ်မစ်စစ်သွေးကြွအစွန်းရောက်များကြောင့် အကြမ်းဖက်မှုများ ပေါ်ပေါက်တတ်သည့် ဒေသဖြစ်ပြီး အစိုးရအနေဖြင့် ကိုင်တွယ်ဖြေရှင်းရန် ကြိုးစားလျက်ရှိနေသည်။

ရှန်ကျင့်နေ မွတ်စလင်များက ခွဲခြားဆက်ဆံရသည်ဟုလည်း ဆိုနေကြသည်။

ရှန်ကျင့်နေ လူဦးရေ၏ ၄၅ ရာခိုင်နှုန်းနီးပါးရှိသည့် အူဂါတိုင်းရင်းသားအများစုမှာ မွတ်စလင်များဖြစ်ကြသည်။ ပြီးခဲ့သည့်နှစ်များအတွင်း ပြည်ပအစွန်းရောက်များကို ကူညီခြင်း၊ သြဇာခံခြင်းများရှိနေသည့် အူဂါအစွန်းရောက်စစ်သွေးကြွများအား တရုတ်အာဏာပိုင်များက တိုက်ခိုက်ခြင်းများ ဆောင်ရွက်လျက်ရှိနေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly