ဒီမိုကရက်တစ်သမ္မတလောင်းအဖြစ် ဟီလာရီကလင်တန် ရွေးချယ်ခံရ

ဒီမိုကရက်တစ်သမ္မတလောင်းအဖြစ် ဟီလာရီကလင်တန် ရွေးချယ်ခံရ

နယူးယောက်၊ ဇွန် ၇ ။            ။ အမေရိကန်သမ္မတလောင်းအဖြစ် ဒီမိုကရက်တစ်ပါတီက ဟီလာရီကလင်တန်အား လိုအပ်သော ကိုယ်စားလှယ်အရေအတွက် ရရှိ၍ အပြီးသတ် ရွေးချယ်လိုက်ပြီဖြစ် သည်။

ပါတီတွင် ၎င်းအတွက် ကိုယ်စားပြုထောက်ခံသူပေါင်း ၂၃၈၃ ရရှိ၍ ဟီလာရီအနေဖြင့် ချွင်းချက်မရှိ ရွေးချယ်ခံရခြင်းဖြစ်သည်။

ဟီလာရီကလင်တန်အနေဖြင့် အမေရိကန်၏ နိုင်ငံရေးပါတီကြီးတစ်ခုအတွက် ပထမဆုံး အမျိုးသမီးသမ္မတလောင်းလည်း ဖြစ်လာနိုင်မည်ဖြစ်သည်။

သို့သော် ပြိုင်ဖက်ဖြစ်သူ ဘာနေးဆန်ဒါးစ်က ဟီလာရီအနေဖြင့် အနိုင်ရနိုင်မည်မဟုတ်ကြောင်း၊ သူမ အားပြုထားသည့် အထူးကိုယ်စားလှယ်များက ဇူလိုင်လ ပါတီညီလာခံမတိုင်ခင်အထိ ပေးပေးနိုင်ခွင့် မရှိသူများဖြစ်၍ ဖြစ်ကြောင်း ပြောသည်။

ဟီလာရီကလင်တန်သည် ပူတိုရီကိုတွင် အနိုင်ရကာ ယခုကဲ့သို့ ပါတီ၏ သမ္မတလောင်းအဖြစ် ရွေးချယ်ခံရခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly