လက်စတာကွင်းလယ်လူကန်တီကို မက်မောလောက်သောစာချုပ်ဖြင့် ပီအက်စ်ဂျီကြိုးပမ်းနေ

လက်စတာကွင်းလယ်လူကန်တီကို မက်မောလောက်သောစာချုပ်ဖြင့် ပီအက်စ်ဂျီကြိုးပမ်းနေ

ဇွန် ၆၊ ပဲရစ် ။               ။ ပီအက်စ်ဂျီအသင်းသည် လက်စတာကွင်းလယ် ကစားသမားကန်တီကို မက်မောလောက်သောငါးနှစ်စာချုပ်ဖြင့်ကမ်းလှမ်းရန် ကြိုးပမ်းနေသည်။

လက်စတာအသင်းသည် ကွင်းလယ်ကစားသမားကန်တီအတွက်ပြောင်းရွှေ့ကြေးကို ပေါင်သန်း ၂၀ သတ်မှတ်ထားသည်။

လက်စတာအသင်း၏အားထားရသော ပေါင်သန်း ၂၀ တန်တိုက်စစ်မှူးဗာဒီကိုလည်း အာဆင်နယ်အသင်းက ကမ်းလှမ်းနေ သည်။

ကန်တီကို ချယ်လ်ဆီးအသင်းကလည်းစိတ်ဝင်စားနေပြီး ကစားသမားကိုယ်တိုင်ကမူ ယူရို ၂၀၁၆ ပြိုင်ပွဲပြီးမှသာ ဆုံးဖြတ်ချက်ချ ဖွယ်ရှိနေသည်။

အာဆင်နယ်နှင့်မန်စီးတီးအသင်းတို့သည် ကန်တီကိုစိတ်ဝင်စားခဲ့ကြသော်လည်း နှစ်သင်းလုံးမှာ အပြောင်းအရွှေ့ကာလအတွင်း ကွင်းလယ်ပိုင်းကို အင်အားဖြည့်တင်းထားကြပြီးဖြစ်သည်။

ဗာဒီသည်အာဆင်နယ်သို့ပြောင်းရန်မသဲကွဲသေးသော်လည်း အာဆင်နယ်တိုက်စစ်မှူးဂျရူးဒ်က အင်္ဂလန်တိုက်စစ်မှူးအနေဖြင့် အသင်းသို့ပြောင်းလာရန်အဆင်သင့်ဖြစ်နေပြီဟု ယုံကြည်နေပြီး အပြောင်းအရွှေ့ကိုလည်း ကြိုဆိုခဲ့သည်။

Ref; Daily Mail

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly