အမေရိကန် - တရုတ် မဟာဗျူဟာနှင့် စီးပွားရေးဆွေးနွေးပွဲစတင်

အမေရိကန် - တရုတ် မဟာဗျူဟာနှင့် စီးပွားရေးဆွေးနွေးပွဲစတင်

ပေကျင်း၊ ဇွန် ၆ ။                ။ တောင်တရုတ်ပင်လယ်အရေးတင်းမာမှုက အရိပ်ထိုးလာနိုင်သည့် တရုတ်နှင့် အမေရိကန် မဟာဗျူဟာနှင့် စီးပွားရေးနှစ်ပတ်လည်ဆွေးနွေးပွဲကို ယနေ့ ဇွန် ၆ ရက်တွင် စတင်ကျင်းပပြီဖြစ်သည်။

“တရုတ်နဲ့ အမေရိကန်တို့အနေနဲ့ အပြန်အလှန်ယုံကြည်မှု တိုးမြင့်ဖို့ လိုအပ်ပါတယ်။”ဟု အဖွင့်မိန့်ခွန်းတွင် တရုတ်သမ္မတရှီကျင့်ဖျင်က ပြောပြီး မဟာဗျူဟာချမှတ်ချက်အလွဲများကို ရှောင်ရှားကာ ပဋိပက္ခများကို ကိုင်တွင်ရေး အင်အားကြီးနှစ်နိုင်ငံအတွက် ဆက်လက်ကြိုးစားအားထုတ်သွားရမည်ဖြစ်ကြောင်းလည်း တိုက်တွန်းပြောသည်။

တရုတ်နိုင်ငံသည် အိမ်နီးချင်းအရှေ့တောင်အာရှနိုင်ငံအချို့နှင့် တောင်တရုတ်ပင်လယ်အရေးတွင် သူပိုင်ငါပိုင်အငြင်းပွားလျက်ရှိနေပြီး အငြင်းပွားရေပိုင်နက်များအတွင်း စစ်ရေးအတွက် လူလုပ်ကျွန်းများကိုလည်း တည်ဆောက်လျက်ရှိထားသည်။

အမေရိကန်က တုံ့ပြန်သည့် သဘောဖြင့် တရုတ်ပိုင်ဆိုထားသည့် သန္တာကျောက်တန်းများသို့ စစ်သင်္ဘောများ ခုတ်မောင်းစေခဲ့ခြင်းက တရုတ်က အမျက်ထွက်ခဲ့သည်။

ယခုအစည်းအဝေးက ထိုတောင်တရုတ်ပင်လယ်အရေးကိုလည်း ဆွေးနွေးသွားကြမည်ဖြစ်သကဲ့သို့ ရာသီဥတုပြောင်းလဲမှု၊ ဆိုက်ဘာလုံခြုံရေး၊ အကြမ်းဖက်မှုများ၊ ကုန်သွယ်ရေးနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများ စသည့် အရေးကိစ္စရပ်များအပေါ် ဆွေးနွေးသွားကြမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly