မြိတ်၊ ဇွန်-၅ ။ ။ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အခမ်းအနားအဖြစ် ခရိုင်သစ်တောဦးစီးဌာနက မြိတ်မြို့၊ ကုန်းဖောက်ရပ်ကွက်ရှိ သစ်ပါးလွှာစက်ရုံဝင်းအတွင်းတွင် သစ်ပင်(၁၀၀၀)စိုက်ပျိုးခဲ့သည်။
ဇွန် ၅ရက် နံနက်ပိုင်းတွင် မယ်ဇလီ၊ ပျဉ်းကတိုး၊ စိန်ပန်း၊ ခရေ၊ သင်္ကန်းပင်များဖြစ်ပြီး ဇွန် ၁၇ရက်တွင်လည်း အခြားတစ်နေရာတွင် ထပ်မံစိုက်ပျိုးရန် စီစဉ်ထားသေးသည်။
ယခင်နှစ်က ပျိုးပင်(၆၀၀၀၀)ကျော် ပျိုးထောင်ခဲ့သော်လည်း ယခုနှစ်တွင်(၂)သိန်းကျော် ပျိုးထောင်ထားသည်ဟု သစ်တောဌာန တာဝန်ရှိသူ၏ ပြောပြချက်အရသိရသည်။
ယင်းပျိုးပင်များကိုလည်း ပြည်သူအများသို့ အခမဲ့ဖြန့်ဝေခြင်း၊ လမ်ဆုံလမ်းခွ၊ ဈေး စသည့်နေရာ အနှံ့အပြားသို့ အခမဲ့ ဖြန့်ဝေခြင်း၊ ပြည်သူလူထုအနေဖြင့် လာရောက်ယူလျှင် အခမဲ့ဖြန့်ဝေခြင်းများ ပြုလုပ်သွားမည်ဟုသိရသည်။