စစ်ကိုင်းတိုင်းအတွင်း တစ်လင်တစ်မယား ဥပဒေဖြင့်တိုင်ကြားမှု တစ်ရက်တည်းသုံးမှုဖြစ်ပွား

စစ်ကိုင်းတိုင်းအတွင်း တစ်လင်တစ်မယား ဥပဒေဖြင့်တိုင်ကြားမှု တစ်ရက်တည်းသုံးမှုဖြစ်ပွား

မုံရွာ၊ ဇွန် ၅ ။              ။ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း တစ်လင်တစ်မယားဥပဒေဖြင့် အမှုဖွင့်တိုင်ကြားမှု တစ်ရက်တည်း သုံးမှု ဖြစ်ပွားခဲ့ကြောင်း တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး မှသိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ်၊ ဆားလင်းကြီးမြို့နယ် နှင့် ကန့်ဘလူမြို့နယ် တို့တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဇွန် ၄ ရက်က အမှုဖွင့်လှစ်ခဲ့ကြခြင်းဖြစ်ကြောင်း တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။   

အင်းတော်မြို့နယ် စီပိန်းကျေးရွာနေ အမျိုးသားတစ်ဦးသည် တစ်ရွာတည်းနေ အမျိုးသမီးတစ်ဦးနှင့် ပေါင်းသင်းခဲ့ရာ သားတယောက်ထွန်းကားပြီးမှ နောက်အိမ်ထောင်ပြုခဲ့သဖြင့် အဆိုပါ အမျိုးသမီးမှ အမှုဖွင့်လှစ်တိုင်ကြားခဲ့ခြင်း ဖြစ်သည်။

ထို့ပြင် ဆားလင်းကြီးမြို့နယ် နှင့် ကန့်ဘလူမြို့နယ် တို့တွင်လည်း အလားတူ တိုင်ကြားမှုများဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

ယင်းကြောင့် တရားဝင်ဇနီးမယားအား ကွာရှင်းခြင်းမရှိပဲ နောက်အိမ်ထောင်ပြုခဲ့သူ အမျိုးသား(၃)ဦးအားသက်ဆိုင်ရာ မြို့နယ်ရဲ စခန်းမှ တစ်လင်တစ်မယားစနစ်ကျင့်သုံးခြင်း ဆိုင်ရာ ဥပဒေပုဒ်မ ၁၃ ဖြင့် အမှုဖွင့်လှစ် စစ်ဆေးလျက်ရှိကြောင်း တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly