နယူးဒေလီက ပုဂ္ဂလိကဆေးရုံကြီးတွင် ကျောက်ကပ်အရောင်းအဝယ်လုပ်နေသည့် ဂိုဏ်းအား ဖော်ထုတ်ဖမ်းဆီး

နယူးဒေလီက ပုဂ္ဂလိကဆေးရုံကြီးတွင် ကျောက်ကပ်အရောင်းအဝယ်လုပ်နေသည့် ဂိုဏ်းအား ဖော်ထုတ်ဖမ်းဆီး

နယူးဒေလီ၊ ဇွန် ၅ ။            ။ အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တော်ရှိ ထိပ်တန်းပုဂ္ဂလိကဆေးရုံကြီးတစ်ခုတွင် ကျောက်ကပ်အရောင်းအဝယ်များ တရားမဝင်လုပ်ဆောင်နေသူများအား ရဲက ဖော်ထုတ်ဖမ်းဆီးခဲ့ကြောင်းပြောသည်။

အပိုလိုဆေးရုံကြီးမှ ဝန်ထမ်းအလုပ်သမားနှစ်ဦးအပါအဝင် လူ ငါးဦးကို ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ရဲက ပြောသည်။

၎င်းတို့ ငါးဦးသည် ဆင်းရဲသားများကို သိမ်းသွင်းကာ ကျောက်ကပ်တစ်စုံ အမေရိကန်ဒေါ်လာ ၇၅၀၀ ကျော်ဖြင့် အဝယ်ဆွယ်ပြီး အမြတ်များစွာဖြင့် ပြန်ရောင်းနေသည့် အဖွဲ့ဖြစ်သည်ဟု ယူဆထားသည်။

စာရွက်စာတမ်းတုများဖြင့် လိမ်လည်ကာ ကျောက်ကပ်ထုတ်ယူ ခံရခြင်းများလည်း ရှိကြောင်း ဆေးရုံက ပြောသည်။

ဆွေမျိုးတော်စပ်သူအတွက် ကျောက်ကပ်လှုဒါန်းသည့် အလှုရှင်အဖြစ် စာရွက်စာတမ်းတုများဖြင့် ခွဲစိတ်ကျောက်ကပ်ထုတ်ယူခြင်းကို ဆရာဝန်များ ပြုလုပ်ပေးအောင် လိမ်လည် လုပ်ဆောင်ခဲ့ခြင်းများလည်း ရှိကြောင်း ဆိုသည်။

ဆေးရုံ၌ ယခုဖြစ်စဉ်က အလွန်စိုးရိမ်စရာအခြေအနေဖြစ်ကြောင်း၊ ရဲများနှင့် အပြည့်အဝ လက်တွဲဆောင်ရွက်နေကြောင်း အပိုလိုဆေးရုံက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly