တရားမဝင်ရွှေတူးဖော်နေမှုများကို သတ္ထုတွင်း ဥပဒေဖြင့် အရေးယူပြီ

တရားမဝင်ရွှေတူးဖော်နေမှုများကို သတ္ထုတွင်း ဥပဒေဖြင့် အရေးယူပြီ

မုံရွာ၊ ဇွန် ၅ ။            ။ စစ်ကိုင်းတိုင်းဒေသကြီး ဗန်းမောက်မြို့နယ်တွင် တရားမဝင်ရွှေတူးဖော်နေမှုများကို ဇွန် ၃ ရက်က ဖမ်းဆီးခဲ့ကြောင်း တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

ဗန်းမောက်မြို့နယ်၊ အနောက်ဘက်ကုန်းကျေးရွာအနီး တောစပ်ရှိ တရားမဝင်ရွှေတူးဖော်နေမှုများကို ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

တရားမဝင်ရွှေမျောလုပ်ကိုင်ရာတွင် အသုံးပြုသည့် ဘက်ဟိုး(၁) စီး၊ ငွေကျပ်သိန်း(၄၀၀) ခန့်နှင့်အတူ တရားခံတစ်ဦးဖမ်းဆီးရမိခဲ့ပြီး၊ လက်တံအဝါရောင် ဘက်ဟိုး(၁)စီး၊ ငွေကျပ်သိန်း(၃၅၀) တို့အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။

ယင်းကြောင့် သက်ဆိုင်ရာ ဗန်းမောက်မြို့မရဲစခန်းမှ သတ္ထုတွင်းလုပ်ငန်း ဥပဒေပုဒ်မ ၃၀(ခ) အရ အမှုဖွင့်လှစ်ခဲ့ကြောင်းသိရသည်။

ထို့ပြင် ကန့်ဘလူမြို့နယ်တွင်လည်း စည်းကမ်းလိုက်နာမှုမရှိသည့် ရွှေသတ္ထုတူးဖော်ရေးကုမ္ပဏီနှစ်ခုအား စစ်ကိုင်းတိုင်းဝန်ကြီးချုပ်က ဇွန် ၄ ရက်က ရပ်ဆိုင်းထားရန် ညွှန်ကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly