မြေပြိုဆည်အရေး ဂရုစိုက်ရန် အထက်ချင်းတွင်းလူငယ်များကွန်ရက် သရုပ်ဖော်ဆန္ဒပြ

မြေပြိုဆည်အရေး ဂရုစိုက်ရန် အထက်ချင်းတွင်းလူငယ်များကွန်ရက် သရုပ်ဖော်ဆန္ဒပြ
(ဓါတ်ပုံ-ကျော်သက်ဝင်း)

မုံရွာ၊ ဇွန် ၅ ။          ။ ချင်းပြည်နယ်ရှိ သဘာဝမြေပြိုကန်နှင့်ပတ်သက်၍ ဂရုတစိုက် ရှိရန်အတွက် ကလေးမြို့ အထက်ချင်းတွင်းလူငယ်များကွန်ရက်မှ သရုပ်ဖော်မှုများဖြင့် ဇွန် ၅ရက်က ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

"သဘာဝမြေပြိုဆည်က မိုးများရင်ကျိုးပေါက်နိုင်တယ်။ ဆည်ကျိုးသွားခဲ့ရင် ချင်းပြည်နယ်နဲ့ စစ်ကိုင်းတိုင်းအစပ် ကလေးမြို့နယ်က ကျေးရွာတွေရေဘေးသင့်မယ်။"ဟု အထက်ချင်းတွင်းလူငယ်များကွန်ရက် ကိုကျော်သက်ဝင်းက ပြောသည်။

၂၀၁၅ ခုနှစ် ဇူလိုင်လနှင့်သြဂုတ်လများတွင် ရေကြီးခဲ့မှုကြောင့် ချင်းပြည်နယ် ဟားခါးကလေး ကျေးရွာ မြေပြိုကန်ကျိုးပေါက်ကာ ရေဘေးသင့်ခဲ့ ကြသည့်အတိုင်း ခန္ဓာကိုယ်တွင် ရွံ့နွံများလူး သရုပ်ဖော်ခဲ့ကြခြင်း ဖြစ်သည်။

ဇွန်လ ၅ ရက်နေ့ ကမ္ဘာ့သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့တွင် နိုင်ငံအနှံ့အပြား၌ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး လုပ်ရှားမှုများပြုလုပ်ခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly