အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ပန်းချီ၊ ကာတွန်း၊ ပိုစတာ၊ ပြိုင်ပွဲ မန္တလေးတွင် ပြုလုပ်

အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ပန်းချီ၊ ကာတွန်း၊ ပိုစတာ၊ ပြိုင်ပွဲ မန္တလေးတွင် ပြုလုပ်
ဓာတ်ပုံ-အောင်ကိုဦး
 

မန္တလေး၊ ဇွန် ၄ ။             ။ ၂၀၁၆ ခုနှစ် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်း အမှတ် ပန်းချီ၊ ကာတွန်း၊ ပိုစတာ၊ ကွန်ပျူတာပန်းချီ ပြိုင်ပွဲကို မန္တလေးမြို့၊ချမ်းအေးသာစံမြို့နယ်၊ အမှတ်(၁၆) အ ခြေခံ ပညာအထက်တန်းကျောင်းတွင် ဇွန်လ ၄ ရက် နံနက် ၉ နာရီက ပြုလုပ်လျှက် ရှိသည်။

အဆိုပါ ပြိုင်ပွဲကို မန္တလေးတိုင်းဒေသ ကြီးအတွင်းရှိ အခြေခံပညာကျောင်းပေါင်းစုံနှင့် ကိုယ်ပိုင်ကျောင်းများမှ ကျောင်းသူ၊ ကျောင်းသား ၁၅၄ ဦး ဦးဝင်ရောက်ယှဉ်ပြိုင်လျှက်ရှိ ကြောင်း သိရသည်။

ပြိုင်ပွဲဝင် ကျောင်းသူ ကျောင်းသားများ အနေဖြင့် မူးယစ်ကင်းဆင် ဒို့ဘဝအသွင် အစဉ်ဖွံ့ဖြိုး ကြိုးပမ်းစို့၊ စီးပွား ကျန်းမာ လူမှုဘဝ မူးယစ်ရှောင်မှ အလွန်လှပ၊ တိုင်းပြည်တိုးတက်သာယာဖို့ မူးယစ်ဆေးကို ရှောင်ရှားစို့၊ လူတိုင်း ကိုယ်စီရှောင်ကြဉ်ခြင်း တစ်ပြည်လုံးမှာ မူးယစ်ကင်း၊ ရေရှည်တည်တံ့ဖွံ့ဖြိုးရေး မူးယစ်ဆေးကို ရှောင်ပါမနှေး စ သည့်  ဆောင်ပုဒ်များဖြင့် ဝင်ရောက်ယှဉ်ပြိုင်နေကြခြင်း ဖြစ်သည်။

ပန်းချီ ပြိုင်ပွဲတွင် ပြိုင်ပွဲဝင် ၇၀ဦး၊ ကာတွန်းပြိုင်ပွဲတွင် ပြိုင်ပွဲဝင် ၂၉ ဦး၊ ပိုစတာပြိုင်ပွဲတွင် ပြိုင်ပွဲဝင် ၄၅ ဦးနှင့် ကွန် ပျူတာ ပန်းချီပြိုင်ပွဲတွင် ပြိုင်ပွဲဝင် ၁၀ ဦးတို့ ဝင်ရောက်ယှဉ်ပြိုင်ခြင်းဖြစ်သည်။

ယင်း ပြိုင်ပွဲသို့ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များ လာရောက်ကြည့်ရှု့အားပေးခဲ့ ကြသည်။

ပြိုင်မှ ဆုရရှိသူ ကျောင်းသူ ကျောင်းသားများကို ဇွန်လ ၂၆ ရက်တွင် ဆုများပေးအပ်သွားမည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly