အင်ဒိုနီးရှားတွင် ကွန်မြူနစ်များကို လူထောင်ပေါင်းများစွာ ချီတက်ဆန္ဒပြ

အင်ဒိုနီးရှားတွင် ကွန်မြူနစ်များကို လူထောင်ပေါင်းများစွာ ချီတက်ဆန္ဒပြ

ဂျကာတာ၊ ဇွန် ၆ ။            ။ အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့တော်တွင် စစ်တပ်ဗိုလ်ချုပ်ဟောင်းများနှင့် အစ္စလာမ်အမာခံအုပ်စုများပါဝင်သည့် ဆန္ဒပြသူ ၃၀၀၀ နီးပါးက ကွန်မြူနစ်များကို စုရုံးဆန့်ကျင်ခဲ့ကြသည်။

“ဘုရားသခင် မြင့်မြတ်သည်” “အင်ဒိုနီးရှား ရေရှည်တည်တံ့ပါစေ”ဟူသော ကြွေးကြော်သံများဖြင့် ဂျကာတာရှိ အမျိုးသားမော်ကွန်းတိုင်ရှေ့တွင် စုရုံးကြခြင်းဖြစ်သည်။ အစ္စလာမ်မစ်ကာကွယ်ရေးတပ်ဦး အကြီးအကဲ Habib Rizieq  က ဆန္ဒပြအုပ်စု၏ လိုလားချက်ကို နိုင်ငံရေးရာ၊ တရားရေးရာနှင့် လုံခြုံရေးရာဝန်ကြီး Luhut Pandjaitan ထံသို့ တင်ပြခဲ့သည်။

အင်ဒိုနီးရှားကွန်မြူနစ်ပါတီနှင့် အခြားအယူအဆရေးရာများ၏ ခြိမ်းခြောက်မှုမှ ကာကွယ်ရေး စာတမ်းဖတ်ပွဲပြုလုပ်ပြီး နှစ်ရက်အကြာတွင် ယခုစုရုံးမှု ပေါ်ထွက်လာခြင်းဖြစ်သည်။

အဆိုပါစာတမ်းဖတ်ပွဲသည် ဧပြီလအတွင်းက ပြုလုပ်ခဲ့သည့် ကွန်မြူနစ်များနှင့် ပြန်လည်ရင်ကြားစေ့ရေး အားထုတ်သည့် အစိုးရကျောထောက်နောက်ခံပြုသည့် စာတမ်းဖတ်ပွဲအား တုံ့ပြန်ပြုလုပ်ခြင်းဖြစ်သည်။

စာတမ်းဖတ်ပွဲကြီးမှူးကျင်းပသူများပါဝင်သည့် ယခုလူစုရုံးမှုမှ ဆန္ဒပြသူများက အစိုးရအနေဖြင့် ကွန်မြူနစ်များနှင့် ပြန်လည်ရင်ကြားစေ့ရေး မလုပ်ဆောင်ရန် တောင်းဆိုကြခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly