ရွှေ့ပြောင်းနေထိုင်သူ ရ၀၀ ကျော်ပါသော သင်္ဘော ဂရိ ကမ်းရိုးတန်း အပြင်ဘက်ပင်လယ်ပြင်တွင် နစ်မြုပ်၊ အလောင်းသုံးလောင်းတွေ့ရှိထား

ရွှေ့ပြောင်းနေထိုင်သူ ရ၀၀ ကျော်ပါသော သင်္ဘော ဂရိ ကမ်းရိုးတန်း အပြင်ဘက်ပင်လယ်ပြင်တွင် နစ်မြုပ်၊ အလောင်းသုံးလောင်းတွေ့ရှိထား

ဇွန် ၃ ။            ။ ရွှေ့ပြောင်းနေထိုင်သူ ရ၀၀ ကျော်လိုက်ပါလာသည့် သင်္ဘောတစ်စီး ဇွန်လ ၃ ရက်က ဂရိနိုင်ငံ Crete ကျွန်းအပြင်ဘက် မြေထဲပင်လယ်တွင် နစ်မြုပ်ခဲ့ရာ ကယ်ဆယ်ရေးသမားများက အလျင်အမြန်သွားရောက်ကယ်ဆယ်နေရပြီး ယခုအချိန်ထိ အလောင်းသုံးလောင်းသာ တွေ့ရှိထားကြောင်း ဂရိကမ်းခြေစောင့်တပ်က ပြောသည်။

ဇွန်လ ၃ ရက် နေ့လည်ပိုင်းအထိ လူပေါင်း ၃၀၂ ဦးကိုသာ ကယ်တင်ထားနိုင်ခဲ့ပြီး ကျန်ရှိနေသူများကို ဆက်လက်ရှာဖွေကယ်ဆယ်နေကြောင်း ဂရိ အာဏာပိုင်များက ပြောသည်။ လက်ရှိအခြေအနေတွင် ပျောက်ဆုံးနေသူများ၏ ကံကြမာကို မသိရှိရသေးကြောင်းလည်း  တာဝန်ရှိသူများက ပြောသည်။

ဂရိ၏ Crete ကျွန်းပြင်ပ ရေမိုင် ၇၅ မိုင်အကွာ အီဂျစ် ပိုင်နက်အောက်ကျရောက်နေသော ပင်လယ်ပြင်တွင် ယခုအခါ ဂရိ ကယ်ဆယ်ရေးသမားများက ရှာဖွေရေးလုပ်ငန်းများကို လုပ်ဆောင်နေလျက်ရှိသည်။ ကယ်ဆယ်နိုင်ထားသည့် ရွှေ့ပြောင်းများ၏ မူလ နိုင်ငံများနှင့် ပတ်သက်၍ တစ်စုံတစ်ရာ စုံစမ်းသိရှိရသေးခြင်း မရှိပေ။

ရွှေ့ပြောင်းများ မတန်တဆ တင်လာသော ယင်း သင်္ဘောငယ်တွင် အာဖရိကဒေသမှ စွန့်ခွာထွက်ပြေးလာသူအများစုကို တင်ဆောင်လာသည်ဟု ယုံကြည်ရသည်။ ယင်းသင်္ဘောတိမ်းမှောက်ချိန်တွင် သိသိချင်း ဂရိ ကမ်းခြေစောင့်တပ်မှ ကင်းလှည့်ရေယာဉ်နှစ်စီးဖြင့် အမြန်သွားရောက်ခဲ့သည့်အပြင် ကယ်ဆယ်ရေးလေယာဉ်နှင့် ရဟတ်ယာဉ်တို့ကလည်း သွားရောက်ပူးပေါင်းခဲ့သည်။ အလားတူ ယင်းပင်လယ်ပြင်တွင် သွားလာနေခဲ့သည့် အခြားသင်္ဘော လေးစီးလည်း အခင်းဖြစ်ပွားချိန်တွင်လာရောက်ပူးပေါင်းကယ်ဆယ်နေသည်ဟု သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly