လက်ရွေးစင်အသင်းကို ယူ-၁၉ အသင်းလိုပရိသတ်အကြိုက်ဖြစ်စေရန် တည်ဆောက်နေသည်ဟု ဂတ်ဇီဆီပြော

လက်ရွေးစင်အသင်းကို ယူ-၁၉ အသင်းလိုပရိသတ်အကြိုက်ဖြစ်စေရန် တည်ဆောက်နေသည်ဟု ဂတ်ဇီဆီပြော

ဇွန် ၃၊ ရန်ကုန်။               ။  မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းကို ယူ-၂၀ ကမ္ဘာ့ဖလားခြေစစ်ပွဲအောင် မြန်မာယူ-၁၉အသင်းကဲ့သို့ ပရိသတ်အကြိုက်ကစားဟန်မျိုး တည်ဆောက်နေသည်ဟု နည်းပြ ဂတ်ဇီဆီကပြောသည်။

မြန်မာအသင်းမှာ ဂတ်ဇီဆီလက်ထက်တွင် နိုင်ပွဲမရသေးသော်လည်း ဟောင်ကောင်၊ ကိုရီးယား၊ စင်ကာပူ၊ လက်ဘနွန်၊ မလေးရှားစသည့် ထိပ်တန်းအသင်းများနှင့်ကစားထားခြင်းဖြစ်သည်။

‘ ပရိသတ်တွေအနေနဲ့ လက်ရွေးစင်အသင်း အမှားလုပ်ပြီဆိုရင် စိတ်ရှည်သည်းခံပေးဖို့လိုပါတယ်။ ကျွန်တော်အသင်းကို ကြိုးစားတည်ဆောက်နေပါတယ်။ အခုဆိုရင် လူငယ်နဲ့လူကြီးတွေကြားကပေါင်းစပ်မှုကို မြင်နေရပြီး ကစားပုံက တိုးတက်နေပါပြီ။ လက်ရွေးစင်အသင်းကို ယူ-၁၉ အသင်းလို ပရိသတ်အကြိုက်အသင်းဖြစ်အောင် တည်ဆောက်နေပါတယ်။’ ဟု ၎င်းကပြောသည်။

နည်းပြ ဂတ်ဇီဆီလက်ထက်တွင် မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းကို ယူ-၂၀၊ ယူ-၂၃အသင်းတို့မှ ကစားသမားများဖြင့် ပြင်ဆင်ဖွဲ့စည်းထားပြီး ပရိသတ်အားပေးမှုရရှိနေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly