MPT သုံးစွဲသူတွေ Facebook အခမဲ့ သုံးစွဲနိုင်မည်

MPT သုံးစွဲသူတွေ Facebook အခမဲ့ သုံးစွဲနိုင်မည်
(ဓာတ်ပုံ-ဟောင်ဆာ၊ရာမည)

ရန်ကုန်၊ ဇွန် ၂ ။            ။ မြန်မာနိုင်ငံ၏ ဦးဆောင်ဆက်သွယ်ရေးအော်ပရေတာတစ်ခုဖြစ်သော မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း MPT မှ Facebook နှင့် ပူးပေါင်း၍ အခမဲ့အသုံးပြုနိုင်သော အခမဲ့အသုံးပြုနိုင်သော Free Basics နှင့် Facebook Flex ကို ဇွန်လ ၆ ရက်နေ့တွင် စတင်အသုံးပြုနိုင်တော့မည် ဖြစ်သည်။

ထိုအစီအစဉ်ကို MPT ဆွေသဟာအသုံးပြုသူများသည် Free Basics နှင့် Facebook Flex ကို အခမဲ့သုံးစွဲခွင့်ရမည်ဟုလည်း သိရသည်။

Facebook Flex သုံးစွဲသူများအနေဖြင့် မိမိသက်ဆိုင်ရာ facebook page တွင် စာများတင်ခြင်း၊ ကွန့်မန့်ပေးခြင်း၊likeလုပ်နိုင်ခြင်းနှင့် အချင်းချင်းစကားပြောခြင်းကို အခမဲ့ပုံစံဖြင့် အသုံးပြုနိုင်မည်ဖြစ်ပြီး၊ ဓာတ်ပုံနှင့် ဗီဒီယိုဖိုင်များကိုမူ ဒေတာအသုံးပြုနှင့် ပုံစံဖြင့်သာ အသုံးပြုနိုင်မည်ဟုလည်း သိရသည်။

"Facebook နဲ့ပူးပေါင်းပြီးလုပ်ဆောင်တဲ့ ဒီအစီအစဉ်ဟာ မြန်မာပြည်သူပြည်သားတွေကို အင်တာနက်ပေါ်မှာ ပိုပြီး ချိတ်ဆက်မှုရှိလာစေဖို့နဲ့ ဒီအခမဲ့စနစ်ကနေပြီး လိုချင်တဲ့ အချက်အလက်တွေကို ရယူနိုင်ဖို့ ဖြစ်ပါတယ်"ဟု MPT ၏ အမှုဆောင်အရာရှိတစ်ဦးက ပြောသည်။

Free Basics အနေနှင့် website မျာကို ဖုန်းနှင့်အသုံးပြုကြည့်ရှုနိုင်မှာဖြစ်ပြီး၊ ကျန်းမာရေး၊ ပညာရေး၊ အလုပ်အကိုင်အခွင့်အရေးနှင့် ဘဏ္ဍာရေးဆိုင်ရာ အကြောင်းအရာများ ပါဝင်သော website ၃၅ မျိုးအား ဖတ်ရှုနိုင်မည်ဖြစ်သည်။

"MPT က အမြဲတော့ ဝန်ဆောင်မှုတွေလုပ်ပေမယ့် လိုင်းဆွဲအားပိုကောင်းဖို့နဲ့ အင်တာနက်သုံးမယ်ဆိုလည်း လိုင်းကောင်းဖို့ သေချာလုပ်ပေးစေချင်တယ်။ ကံစမ်းမဲတွေလုပ်ပေမယ့်လည်း လိုင်းမကောင်းရင် ဘာမှမထူးဘူး။ "' ဟု MPT သုံးစွဲသူတစ်ဦးက မှတ်ချက်ပြုခဲ့သည်။

အဆိုပါဝန်ဆောင်မှုများအား အသုံးပြုမည်ဆိုပါက feature phone နှင့်ဖြစ်စေ၊ Android သို့မဟုတ် အိုင်ဖုန်း စသည့် မိုဘိုင်းလ်ဖုန်းများမှတဆင့် အခမဲ့ Free Basics application ကိုရယူသုံးစွဲနိုင်ကာ၊ Facebook Flex ကိုမူ mobile application မှတဆင့် သို့မဟုတ် www.facebook.com နှင့် www.freebasics.com တွင် ရယူနိုင်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly