နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓါတ်အားပေးစက်ရုံ တည်ဆောက်ရန် နိုင်ငံခြားကုမ္ပဏီ ကမ်းလှမ်း

နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓါတ်အားပေးစက်ရုံ တည်ဆောက်ရန် နိုင်ငံခြားကုမ္ပဏီ ကမ်းလှမ်း

မုံရွာ၊ ဇွန် ၃ ။             ။ စစ်ကိုင်းတိုင်းဒေသကြီး မြင်းမူမြို့တွင် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓါတ်အားပေး စက်ရုံတည်ဆောက်ရန် အတွက် နိုင်ငံခြားကုမ္ပဏီတစ်ခုမှ ကမ်းလှမ်းထားကြောင်း စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဌာနမှသိရသည်။

လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့် ပူးပေါင်း၍ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ပထမဆုံးသော နေရောင်ခြည်စွမ်းအင်သုံး ဓါတ်အားပေးစက်ရုံ တည်ဆောက်ရန်ဖြစ်သည်။

"မြင်းမူမြို့ မဟာဓါတ်အားပေးစက်ရုံခွဲအနီးက မြေဧက (၄၅၀)ရှိတဲ့မြေကွက်ကို ငှားရမ်းအသုံးပြုဖို့ တိုင်းဒေသကြီးအစိုးရထံ အဆိုပြုထားပါတယ်။

မြေမျက်နှာပြင်ညီညာတယ်။ နေရောင်ခြည်ကို ကောင်းမွန်စွာရတယ်၊ တိုင်းဒေသကြီးအတွင်း လျှပ်စစ်စွမ်းအားထုတ်လုပ်မှု(၂)ဆ တိုးတက်ပါမယ်ဆိုပြီး စီမံကိန်းလျှောက်ထားခဲ့တာပါ"ဟု ရင်းနှီးမြုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးမျိုးခိုင်ဦးက ပြောသည်။

အဆိုပါစီမံကိန်းမြေနေရာသည် (၈၀) မဂ္ဂါဝပ်ထိ ထုတ်လုပ်နိုင်မည်ဖြစ်ပြီး အမေရိကန်ဒေါ်လာ ၁၄၄ သန်းကို ရင်းနှီးမြုပ်နှံမည်ဖြစ်ကြောင်း တိုင်းဒေသကြီးအစိုးရအဖွဲ့ထံ တင်ပြထားသည်ဟု စီမံကိန်းအကျဉ်းချုပ်စားရင်းအရ သိရသည်။

အဆိုပါစီမံကိန်းအထောင်အထည်ဖော်ဆောင်ရွက်မည့် အမေရိကန်အခြေစိုက် Andaman Capital Partners အဖွဲ့နှင့် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့တို့ ၂၀၁၆ ခုနှစ်၊ ဖေဖော်ဝါရီလ အတွင်းက စတင်ကာ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly