ပေါ့ဂ်ဘာကို ပေါင်သန်း ၆၀ ဖြင့် မန်ယူ ကမ်းလှမ်း

ပေါ့ဂ်ဘာကို ပေါင်သန်း ၆၀ ဖြင့် မန်ယူ ကမ်းလှမ်း

မေ ၃၊ မန်ချက်စတာ ။                  ။ မန်ယူအသင်းသည် ဂျူဗင်တပ်စ်အသင်းမှ ပြင်သစ်ကွင်းလယ်ကစာသမားပေါ့ဂ်ဘာကို ခေါ်ယူရန် ပြောင်းရွှေ့ကြေးပေါင်သန်း ၆၀ ဖြင့် ကမ်းလှမ်းထားကြောင်း The Sun သတင်းစာက ဖော်ပြသွားခဲ့သည်။

ပေါ့ဂ်ဘာကို ဘာစီလိုနာအသင်းကလည်း ခေါ်ယူလိုလျက်ရှိရာ မန်ယူအသင်းအနေဖြင့် လက်ဦးမှုရယူပြီး ကမ်းလှမ်းရန် နည်းပြသစ်မော်ရင်ဟိုက ညွှန်ကြားခဲ့ခြင်းကို The Sun က ဖော်ထုတ်ခဲ့ခြင်း ဖြစ်သည်။

ပြီးခဲ့သည့် လေးနှစ်က မန်ယူအသင်းမှ ထွက်ခွာသွားသည့်ပေါ့ဂ်ဘာကို မော်ရင်ဟိုက ၎င်း၏အနာဂတ်တွင် ထည့်သွင်းထားခြင်း ဖြစ်သည်။ မန်ယူအသင်း၏ ကမ်းလှမ်းမှုမှာ မူလပြောင်းရွှေ့ကြေး ပေါင် ၄၈ သန်းဖြစ်ပြီး ပေါ့ဂ်ဘာ၏အောင်မြင်မှုအပေါ်မူတည်၍ ပေါင် ၁၂ သန်း ထပ်မံပေးချေမည့် အစီအစဉ်ဖြစ်သည်။

ထိုပြောင်းရွှေ့ကြေးမှာ မန်ယူအသင်းက ဒီမာရီယာကို ခေါ်ယူခဲ့သည့် ပေါင် ၅၉ ဒသမ ၇ သန်းထက်ပိုမိုများပြားပြီး ဗြိတိန်၏ အမြင့်ဆုံးပြောင်းရွှေ့ကြေး ဖြစ်သည်။

ပေါ့ဂ်ဘာသည် မန်ယူနည်းပြကြီး ဖာဂူဆန်၏လက်ထက်တွင် နေရာမရသောကြောင့် ၂၀၁၂ ခုနှစ်က အလွတ်ပြောင်းရွှေ့ကြေးဖြင့် ဂျူဗင်တပ်စ်အသင်းသို့ ပြောင်းရွှေ့သွားခဲ့သူ ဖြစ်သည်။

ရည်ညွှန်း သည်ဆန်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly