မိဘများက တောထဲတွင် ထားခဲ့ရာမှ ပျောက်ဆုံးနေသော ဂျပန်ကလေးငယ်ကို သီတင်းတစ်ပတ်ကြာပြီးမှ ပြန်လည်တွေ့ရှိ

မိဘများက တောထဲတွင် ထားခဲ့ရာမှ ပျောက်ဆုံးနေသော ဂျပန်ကလေးငယ်ကို သီတင်းတစ်ပတ်ကြာပြီးမှ ပြန်လည်တွေ့ရှိ

တိုကျို၊ ဇွန် ၃ ။              ။ ပြီးခဲ့သည့် သီတင်းပတ်က ဂျပန်လူမျိုး မိဘနှစ်ပါးသည် ပြောမရ ဆိုမရ ဆိုးသွမ်းလွန်းလှသည့် ၎င်းတို့၏ သားဖြစ်သူကို အပြစ်ပေးလိုသည့်အနေဖြင့် သစ်တောထဲတွင် တစ်ဦးတည်းထားပစ်ခဲ့ရာမှ ယင်းကလေးငယ် ပျောက်ဆုံးနေခဲ့ခြင်း ဖြစ်သည်။ အဆိုပါ ပျောက်ဆုံးနေခဲ့သော အသက် ၇ နှစ်အရွယ် ကောင်လေးကို စစ်တပ်အပါအဝင် ရှာဖွေရေးသမားများ ဝိုင်းဝန်း ရှာဖွေနေခဲ့ပြီး ဇွန်လ ၂ ရက်နေ့ကမှ ၎င်းကလေးငယ်အား အသက်ရှင်လျက် ပြန်လည် တွေ့ရှိခဲ့ခြင်းဖြစ်သည်။

ကလေးငယ်တို့ မိသားစုသည် လွန်ခဲ့သည့် သီတင်းတစ်ပတ်ကြာတုန်းက နိုင်ငံမြောက်ပိုင်း သစ်တောထဲသို့ ဟင်းသီးဟင်းရွက် ခူးရန် ကားဖြင့် သွားရောက်ခဲ့ခြင်းဖြစ်ကာ ယင်းအချိန်က သားဖြစ်သူမှာ မိဘများအပေါ် ကလန်ကဆန်လုပ်ကာ ကားနှင့် လူများကို ခဲဖြင့် ပေါက်သည်အထိ ဆုံးမ မရ ဖြစ်ခဲ့သည်ဟု သိရသည်။

ယင်းနောက် မိဘများက အပြန် တောင်ပေါ်လမ်းပေါ်တွင် သားဖြစ်သူကို အပြစ်ပေးလိုသည့်အနေဖြင့် ကားထဲမှ ထုတ်ကာ လမ်းပေါ်တွင် ချန်ထားခဲ့ခြင်းဖြစ်သည်။ မိနစ်ပိုင်းအကြာ ကားနောက်ပြန်လှည့်ပြီး ပြန်ခေါ်ရာတွင် ၎င်းကလေးငယ်အား မတွေ့ရတော့သဖြင့် ယခုကဲ့သို့ အင်အားသုံးကာ အပူတပြင်း ပြန်လည်ရှာဖွေနေခဲ့ရခြင်းဖြစ်သည်။

" ကောင်လေးကို အသက်ရှင်ရက် ပြန်တွေ့ပါပြီ၊သူ့နာမည်က ယာမာတို တာနူကာလို့ ခေါ်တယ်လို့ သိရပါတယ်၊ အခြား သေချာတဲ့ သတင်းတော့ ကျွန်တော်တို့လည်း ထပ်မရသေးပါဘူး" ဟု မီးသတ်ဌာနမှ ကယ်ဆယ်ရေးသမား ဆူတိုရှီ ဆိုင်တိုက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly