ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီကို အသစ်ဖွဲ့စည်း

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီကို အသစ်ဖွဲ့စည်း
ဓာတ်ပုံ- ဦးဖြိုးမင်းသိန်းဖေ့စ်ဘုတ်

ရန်ကုန်၊ ဇွန် ၁ ။             ။ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီကို အဖွဲ့ဝင် ငါးဦးဖြင့် ဖွဲ့စည်းလိုက်ပြီဖြစ်ကာ နာရေးကူညီမှုအသင်း (ရန်ကုန်)မှ ဒေါ်သန်းမြင့်အောင်ကလည်း အဖွဲ့ဝင်အဖြစ် ပါဝင်ခဲ့သည်။

“ဟုတ်ပါတယ်။ အစိုးရက တိုက်ရိုက်ခံတာပါ။ မနေ့က အကြောင်းကြားတယ်။ အစိုးရတိုင်းဒေသကြီးက ဆုံးဖြတ်ပြီး တရားဝင်မနေ့က စာထွက်တာပါ”ဟု ဒေါ်သန်းမြင့်အောင်က ဇွန် ၁ရက်က မဇ္ဈိမကို ပြောသည်။

စည်ပင်သာယာရေးကော်မတီတွင် မြို့တော်ဝန် ဦးမောင်မောင်စိုးက ဥက္ကဋ္ဌ၊ အတွင်းရေးမှူးအဖြစ် ဒေါ်လှိုင်မော်ဦး၊ တွဲဖက်အတွင်းရေးမှူးအဖြစ် ဦးသန့်၊ ကော်မတီဝင်အဖြစ် ဒေါ်မေမေသွယ်၊   ဒေါ်သန်းမြင့်အောင်တို့ကို မေ ၃၁ရက်တွင် အစိုးရက တိုက်ရိုက် ခန့်အပ်လိုက်ခြင်းဖြစ်သည်။

၎င်းတို့ ငါးဦးမှ စည်ပင်သာယာရေးကော်မတီ လက်အောက်ရှိ ဌာနပေါင်း ၂၀တွင်ကို တာဝန်ယူစီမံရမည်ဖြစ်သည်။

စည်ပင်သာယာရေးကော်မတီတစ်ခု၏ သက်တမ်းသည် လွှတ်တော်၏ သက်တမ်းနှင့် အတူဖြစ်၍ ယခင်အစိုးရလက်ထက်က ဖွဲ့ထားသည့် စည်ပင်သာယာရေးကော်မတီကို မေလ ၁၇ရက် ဖျက်သိမ်းခဲ့ကာ ကော်မတီဝင် ကိုးဦးကိုလည်း တာဝန်မှ ရပ်စဲခဲ့သည်။

ဇွန်လ ၂ရက်တွင် အစိုးရက တိုက်ရိုက်ခန့်အပ်သည့် စည်ပင်သာယာရေးကော်မတီဝင် အသစ်များ နှင့် စည်ပင်သာယာရေးဝင်ကြီးဌာနများ တွေ့ဆုံမိတ်ဆက်ခြင်း အခမ်းအနားကို ကျင်းပခဲ့ပြီး ရန်ကုန်တိုင်းဝန်ကြီးချုပ် တက်ရောက်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly