ဆီးရီးယားပြည်တွင်းစစ်အတွင်း ပိတ်မိနေသူများထံသို့ လူသားချင်းစာနာမှု အကူအညီများ လေကြောင်းမှတဆင့် ချထားပေးရန် စီစဉ်

ဆီးရီးယားပြည်တွင်းစစ်အတွင်း ပိတ်မိနေသူများထံသို့ လူသားချင်းစာနာမှု အကူအညီများ လေကြောင်းမှတဆင့် ချထားပေးရန် စီစဉ်

ဇွန် ၂ ။                ။ ဆီးရီးယား စစ်ပွဲများအတွင်း ပိတ်မိနေသူများအား လူသားချင်းစာနာမှု ဆိုင်ရာ အကူအညီပစ္စည်းများ လေကြောင်းမှ တဆင့် ချထားပေးရေး အစီအစဉ် စတင်ရန် အမေရိကန်၊ ဗြိတိန်နှင့် ပြင်သစ်နိုင်ငံတို့က ကုလသမဂ္ဂကို တိုက်တွန်းလိုက်သည်။

ကမ္ဘာ့အင်အားကြီးနိုင်ငံများနှင့် ဒေသတွင်း နိုင်ငံများသဘောတူထားခဲ့သော ဆီးရီးယားဒုက္ခသည်များအား ဇွန် ၁ ရက်နေ့နောက်ဆုံးထားက အကူအညီပေးရေး အစီအစဉ်အပေါ် ဆီးရီးယား အစိုးရဘက်က လေးစားလိုက်နာခဲ့ခြင်းမရှိကြောင်း အထက်ပါ နိုင်ငံများက ပြောကြားသည်။

မေလ ၃၁ ရက်အထိ အနည်းငယ်သော အကူအညီပစ္စည်းများကိုသာ ပြည်တွင်း၌ ပိတ်မိနေသူများထံသို့ ပေးဝေနိုင်ခဲ့ပြီး Damascus မြို့အနီး Darayya မြို့ဆီသို့ သွားရောက်ခဲ့သော ယာဉ်တန်းမှာလည်း အစားအသောက်များ ပါရှိမသွားခဲ့ဟု သိရသည်။

ဆီးရီးယား ပြည်တွင်းစစ်ဒဏ်များအတွင်း ရှောင်ပြေးနေရသော ပြည်သူများအား ယခုကဲ့သို့ လေကြောင်းမှတဆင့် အကူအညီများ ချထားပေးရေးကို လုံခြုံရေးကောင်စီတွင် ဇွန် ၃ ရက်၌ ဆွေးနွေးသွားမည်ဖြစ်သည်။

လက်ရှိအချိန်တွင် ဆီးရီးယား ပြည်သူ ထောင်ပေါင်းများစွာမှာ အကူအညီပစ္စည်းများ မဖြစ်မနေ လိုအပ်နေပြီဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ဂျွန် ကာဘိုင်က ပြောသည်။

ကုလသမဂ္ဂ အစာအစာ အေဂျင်စီအနေဖြင့် မည်ကဲ့သို့ ဆီးရီးယားပြည်သူများထံသို့ အကူအညီများ ချထားပေးရမည်နှင့်ပတ်သက်၍ ဆွေးနွေးထားသည်ဟု ၎င်းက ပြောသည်။

" ခုလိုမျိုး အကူအညီတွေ လေကြောင်းကနေ ချပေးရမယ့်အစီအစဉ်က ရှုပ်ထွေးပြီးတော့ အန္တရာယ်လည်း များပါတယ်၊ ဒါပေမယ့်လည်း စစ်ပွဲတွေဖြစ်နေတဲ့ နေရာတော်တော်များများမှာ လူသားချင်းစာနာမှုအကူအညီတွေက လိုကို လိုအပ်နေပါပြီ" ဟု ဗြိတိန် နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly