တံကောက်ကြော ဒဏ်ရာကြောင့် ကိုပါအမေရိကဖလားပြိုင်ပွဲနှင့် ကာကာ လွဲချော်

တံကောက်ကြော ဒဏ်ရာကြောင့် ကိုပါအမေရိကဖလားပြိုင်ပွဲနှင့် ကာကာ လွဲချော်

ဇွန် ၂၊ ဘရာဇီး ။             ။ ဘရာဇီးဝါရင့် ကွင်းလယ်ကစားသမား ကာကာသည် တံကောက်ကြောဒဏ်ရာကြောင့် ကိုပါအမေရိကဖလားပြိုင်ပွဲနှင့် လွဲချော်ရပြီ ဖြစ်သည်။

ဘရာဇီးနည်းပြ ဒွန်ဂါသည် ကာကာ၏နေရာတွင် ဆာအိုပေါ်လိုကွင်းလယ်တိုက်စစ်ကစားသမား ဂန်ဆိုကို အစားထိုးခေါ်ယူခဲ့သည်။

ကာကာသည် ပေါင်ဒဏ်ရာရှိသွားသည့် ဘိုင်ယန်မြူးနစ်ကွင်းလယ်ကစားသမား ဒေါက်ဂလက်စ်ကော်စတာ၏နေရာတွင် အစားထိုးခေါ်ယူခဲ့ထားရသူဖြစ်ပြီး ယခု ၎င်းကပါ ဒဏ်ရာထပ်မံ ရရှိခဲ့သည့် အတွက် နည်းပြဒွန်ဂါက ဂန်ဆိုကို ခေါ်ယူခဲ့ခြင်း ဖြစ်သည်။

ဆေးစစ်ချက်များအရ ကာကာသည် အနည်းဆုံးရက် ၂၀ ခန့် အနားယူရမည် ဖြစ်သောကြောင့် ကိုပါအမေရိကဖလားပြိုင်ပွဲနှင့် လွဲချော်ခဲ့ရခြင်း ဖြစ်သည်။ ဂန်ဆိုသည် ပြီးခဲ့သည့် ၂၀၁၂ ခုနှစ်ကတည်းက ဘရာဇီးလက်ရွေးစင်အသင်းတွင် ရွေးချယ်ခြင်း မခံခဲ့ရသူဖြစ်ပြီး ယခု ပထမဆုံးပြန်လည်ခေါ်ယူခံရခြင်း ဖြစ်သည်။

ဘရာဇီးအသင်းသည် ကိုပါအမေရိကဖလားပြိုင်ပွဲတွင် အုပ်စု(ဘီ)၌ အီကွေဒေါ၊ ဟေတီ၊ ပီရူးတို့နှင့် ကျရောက်လျက်ရှိသည်။ ဇွန်လ ၄ ရက်နေ့တွင် အီကွေဒေါ၊ ဇွန်လ ၈ ရက်နေ့တွင် ဟေတီ၊ ဇွန်လ ၁၂ ရက်နေ့တွင် ပီရူးတို့နှင့် ကစားရမည် ဖြစ်သည်။

Ref: Goal.com

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly