မုံရွာ၊ မေ ၃၀ ။ ။ အကြမ်းဖက်မှုကိုအလိုမရှိကြောင်း မုံရွာမြို့ရှိ စာရေးဆရာများက ၁၃နှစ်မြောက် ဒီပဲယင်းအောက်မေ့ဖွယ် အခမ်းအနားတွင် ပြောကြားသည်။
မေလ ၃၀ရက်တွင်ကျရောက်ခဲ့သည့် ၁၃နှစ်မြောက် ဒီပဲယင်းအရေးအခင်း အောက်မေ့ဖွယ်အခမ်းအနားတွင် ယင်းသို့ပြောကြားခဲ့ခြင်း ဖြစ်သည်။
"ဝမ်းနည်းဖွယ် ဒီအရေးအခင်းကြီးကို ဆုံးရှုံးမှုကနေ အင်အားစုဖြစ်အောင် ပြောင်းလဲနိုင်ခဲ့ကြပါတယ်။ နိုင်ငံရေးကို ကောင်းမွန်စွာမဖြေရှင်းပဲ လက်နက်နဲ့ အနိုင်ထက်ပြုတာလက်မခံပါဘူး။ " စာရေးဆရာကြီး အံ့မောင်က ပြောကြားခဲ့သည်။
ဒီပဲယင်းအောက်မေ့ဖွယ် အခမ်းအနားကို မုံရွာမြို့၊ ထန်းတောရပ်ကွက်ရှိ ရွှေသိမ်တော်ဘုန်းကြီးကျောင်းတွင် ပြုလုပ်ကျင်းပခဲ့ပြီး အခြားသောကဗျာဆရာများကလည်း အောက်မေ့ဖွယ်ကဗျာများဖြင့် ဂုဏ်ပြုခဲ့ကြသည်။
၁၃ နှစ်မြောက် ဒီပဲယင်းအရေးအခင်း အောက်မေ့ဖွယ်အခမ်းအနားကို ၂၀၀၃ ခုနှစ်က အခင်းဖြစ်ပွားခဲ့သည့် ဒီပဲယင်းမြို့နယ် ကြည်ရွာတွင်လည်း ကျင်းပပြုလုပ်ခဲ့သည်။
၂၀၀၃ ခုနှစ် မေ ၃၀ ရက်က ဒေါ်အောင်ဆန်းစုကြည်၏ ပါတီစည်းရုံးရေး ခရီးစဉ်အား အကြမ်းဖက်ဖမ်းဆီးခံခဲ့ရပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မြို့နယ် ရုံးခန်းများကို(၇)နှစ်ကြာ ချိတ်ပိတ်ခံခဲ့ရသည်။