ရက်ပိုင်းအတွင်း လှေစီးရွှေ့ပြောင်းသူ ရ၀၀ ကျော် ရေနစ်သေဆုံး

ရက်ပိုင်းအတွင်း လှေစီးရွှေ့ပြောင်းသူ ရ၀၀ ကျော် ရေနစ်သေဆုံး

ကုလသမဂ္ဂ၊ မေ ၃၀ ။            ။ လစ်ဗျားကမ်းလွန်တွင် လှေမှောက်ရေနစ်မြုပ်၍ သေဆုံးသူ ရွှေ့ပြောင်းဦးရေသည် ရက်ပိုင်းအတွင်း ၇၀၀ ကျော်ရှိခဲ့ကြောင်း ကုလသမဂ္ဂဒုက္ခသည်အေဂျင်စီက ပြောသည်။

အီတလီတောင်ပိုင်းတွင် မေ ၂၅၊ ၂၆၊ ၂၇ ရက်များတွင် ဥရောပသို့ ဝင်ရောက်ရန်ကြိုးစားသည့် ရွှေ့ပြောင်းသူများ၏ လှေများနစ်မြုပ်ခဲ့ရာခြင်းဖြစ်သည်။

နွေဦးရာသီဖြစ်၍ ပင်လယ်တွင်း အာဖရိကမှ ဥရောပသို့ ဝင်ရောက်ရန် ကြိုးစားသွားလာသည့် ရွှေ့ပြောင်းလှေများ အများအပြားဖြစ်လာခဲ့သည်။

တစ်ချိန်တည်းတွင် ပြီးခဲ့သည့် သီတင်းပတ်က လှေစီးရွှေ့ပြောင်းသူများသေဆုံးမှုသည် ၉၀၀ အထိ များပြားကြောင်း MSF အဖွဲ့က ထုတ်ပြန်သည်။

အသက်ရှင်လျက်လွတ်မြောက်လာသူများအား အီတလီဆိပ်ကမ်းမြို့များဖြစ်သည့် တာရန်တိုနှင့် ပိုဇယ်လိုသို့ ခေါ်ဆောင်ထားရသည်။

အီတလီအာဏာပိုင်များက မေ ၂၈ ရက်တွင် လစ်ဗျားကမ်းခြေမှ ကယ်တင်လာရသည့် ရွှေ့ပြောင်းသူပေါင်း ၆၀၀ ကျော်ထက်မနည်းရှိကြောင်း ပြောထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly